
0
258

ပန်းလှိုင်ဘူတာနဲ့ ကြည့်မြင်တိုင်ဘူတာကြား မြို့ပတ်ရထားလမ်းဘေးမှာ အရွယ်မရောက်သေးတဲ့ လေးနှစ်အရွယ် ကလေးငယ်တစ်ဦးကို သားမယားအဖြစ် ပြုကျင့်သူကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။



>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြို့ပတ်ရထားလမ်းဘေး သက်ငယ်မုဒိမ်းမှု ကျူးလွန်ခဲ့သူဖမ်းဆီးရမိ

ပန်းလှိုင်ဘူတာနဲ့ ကြည့်မြင်တိုင်ဘူတာကြား မြို့ပတ်ရထားလမ်းဘေးမှာ အရွယ်မရောက်သေးတဲ့ လေးနှစ်အရွယ်ရှိ ကလေးငယ်တစ်ဦးကို သားမယားအဖြစ် ပြုကျင့်သူကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ် ။

ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ နှစ်လပိုင်းက ဟုန်းလမ်းဘူတာရပ်ကွက် ပန်းလှိုင်ဘူတာဂုံးတံတားအောက်စင်္ကြန် အတွင်းနေထိုင်နေတဲ့ သူမနဲ့အတူခင်ပွန်းဖြစ်သူ အပြင်သွားရောက်စပြီး ပြန်ရောက်လာတဲ့အခါမှာ သမီးငယ်တစ်ဦးပျောက်ဆုံးနေလို့ လိုက်လံရှာဖွေရာမှာ ဒဏ်ရာတွေနဲ့ တွေ့ခဲ့လို့ ရန်ကုန်ဆေးရုံကြီးကို တင်ပို့ခဲ့တာဖြစ်ပါတယ် ။

သမီးဖြစ်သူမှာ ဦးခေါင်းဒဏ်ရာရရှိခဲ့တဲ့အပြင် မိန်းမကိုယ်သွေး ထွက်ဒဏ်ရာ တွေနဲ့တွေ့ရှိခဲ့ရတာဖြစ်ပါ တယ်။ အဲဒါကြောင့်စမ်းချောင်းရဲစခန်းကနေ (ပ) ၄၆ / ၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ၃၇၆/၃၂၅ဖြင့် စုံစမ်းစစ်ဆေးခဲ့ရာ မတ်လ ၂ရက်နေ့ကဘုရားလမ်းဘူတာအနီး ကိုကိုနိုင်(ခ)ကိုနိုင် (ခ) နိုင်ကြီးဆိုသူကို ဖမ်းဆီးရမိခဲ့ တာဖြစ်ပါတယ်။ ဖမ်းဆီးရမိစဉ် ကာမအားတိုးဆေးကပ်တွေနဲ့ ကာမစပ်ယှက်ရမှာ အချိန်ကြာမြင့် စေရန် အသုံးပြုတဲ့ လိမ်းဆေးတောင့် တွေနဲ့အတူ ဖမ်းဆီး ရမိခဲ့တာပဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)