
0
858




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဥရောပ သမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်နဲ့ တွေ့ဆုံ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပ သမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ စတာဗို လမ်ဘရီနီဒစ်ကို ဒီနေ့ မတ်လ ၅ ရက်နေ့က နေပြည်တော်မှာ လက်ခံ တွေ့ဆုံပါတယ်။

မစ္စတာ စတာဗို လမ်ဘရီနီဒစ်ဟာ စတုတ္ထအကြိမ် မြန်မာ-အီးယူ လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲ တက်ရောက်ဖို့ မြန်မာနိုင်ငံကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာ စတာဗို လမ်ဘရီနီဒစ်တို့ဟာ မြန်မာ-အီးယူ လူ့အခွင့်အရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စ၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေး၊ ထွက်ခွာသွားသူတွေ ပြန်လည်လက်ခံရေးနဲ့ ပြန်လည်နေရာချထားရေး ဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)