ဓႏုျဖဴၿမိဳ႕ ယာဥ္တိုက္မႈ သံဃာ ၂ ပါးနဲ႔ လူ ၅ ဦး ေသ

0
896

ဧရာဝတီတိုင္း၊ ဓႏုျဖဴၿမိဳ႕နယ္၊ ရန္ကုန္-ဟသၤာတ ကားလမ္းမွာ ယာဥ္ ၂ စီး မ်က္ႏွာခ်င္းဆိုင္ တိုက္မိတဲ့အတြက္ သံဃာ ၂ ပါးနဲ႔ လူ ၅ ဦး ေသဆံုးၿပီး ၁၂ ဦး ဒဏ္ရာ ရရွိခဲ့ပါတယ္။

မတ္လ ၃ ရက္ေန႔က ေက်ာ္စိုးခိုင္ထြန္း (၁၉ ႏွစ္) ေမာင္းႏွင္ၿပီး ဝါေဇယ်သိဒၶိ ဘုန္ႀကီးေက်ာင္းက ဥဴးဓမၼပါလ အပါအဝင္ သံဃာ ၂ ပါးနဲ႔ အမ်ိဳးသားတစ္ဦး လိုက္ပါလာတဲ့ ကားကာ ရပ္ထားတဲ့ယာဥ္ကို တိုက္မိၿပီး လမ္းေပၚ ေရာက္သြားရာက ရန္ကုန္ကေန ဟသၤာတဘက္ကို ဇင္မင္းလတ္ (၄၀ ႏွစ္) ေမာင္းႏွင္ၿပီး လူ ၁၅ ဦး လိုက္ပါလာတဲ့ ကားနဲ႔ မ်က္ႏွာခ်င္းဆိုင္ တိုက္မိခဲ့တာ ျဖစ္ပါတယ္။

ေက်ာစိုးခိုင္ထြန္း ေမာင္းႏွင္တဲ့ ကားေပၚပါ ၄ ဦးနဲ႔ ဇင္မင္းလတ္ ကားေပၚပါ ၃ ဦး၊ စုစုေပါင္း ၇ ဦးတို႔ အခင္းျဖစ္ပြားရာမွာ ေသဆံုးခဲ့ပါတယ္။ က်န္ ၁၂ ဦးတို႔ကေတာ့ ဒဏ္ရာေတြ ရရွိခဲ့တဲ့အတြက္ ဓႏုျဖဴၿမိဳ႕ ျပည္သူ႔ေဆး႐ံုႀကီးကို ပို႔ေဆာင္ခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဓနုဖြူမြို့ ယာဉ်တိုက်မှု သံဃာ ၂ ပါးနဲ့ လူ ၅ ဦး သေ

ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်၊ ရန်ကုန်-ဟင်္သာတ ကားလမ်းမှာ ယာဉ် ၂ စီး မျက်နှာချင်းဆိုင် တိုက်မိတဲ့အတွက် သံဃာ ၂ ပါးနဲ့ လူ ၅ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

မတ်လ ၃ ရက်နေ့က ကျော်စိုးခိုင်ထွန်း (၁၉ နှစ်) မောင်းနှင်ပြီး ဝါဇေယျသိဒ္ဓိ ဘုန်ကြီးကျောင်းက ဥူးဓမ္မပါလ အပါအဝင် သံဃာ ၂ ပါးနဲ့ အမျိုးသားတစ်ဦး လိုက်ပါလာတဲ့ ကားကာ ရပ်ထားတဲ့ယာဉ်ကို တိုက်မိပြီး လမ်းပေါ် ရောက်သွားရာက ရန်ကုန်ကနေ ဟင်္သာတဘက်ကို ဇင်မင်းလတ် (၄၀ နှစ်) မောင်းနှင်ပြီး လူ ၁၅ ဦး လိုက်ပါလာတဲ့ ကားနဲ့ မျက်နှာချင်းဆိုင် တိုက်မိခဲ့တာ ဖြစ်ပါတယ်။

ကျောစိုးခိုင်ထွန်း မောင်းနှင်တဲ့ ကားပေါ်ပါ ၄ ဦးနဲ့ ဇင်မင်းလတ် ကားပေါ်ပါ ၃ ဦး၊ စုစုပေါင်း ၇ ဦးတို့ အခင်းဖြစ်ပွားရာမှာ သေဆုံးခဲ့ပါတယ်။ ကျန် ၁၂ ဦးတို့ကတော့ ဒဏ်ရာတွေ ရရှိခဲ့တဲ့အတွက် ဓနုဖြူမြို့ ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)