
0
837




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တရုတ်နိုင်ငံမှာ အလုပ်လုပ်ဖို့ သွေးဆောင်ခေါ်ယူသူတွေကို အရေးယူ

တရုတ်နိုင်ငံမှာ အလုပ်ရမယ်ဆိုပြီး သွေးဆောင်ခေါ်ယူသူ ၂ ဦးကို ဖမ်းဆီးပြီး သွေးဆောင် ခေါ်ယူခံရသူ ၃၃ ဦးကို အချိန်မီ တားဆီးနိုင်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ လမူးမော်ကျေးရွာ၊ ကျော်ကိုင်းကျေးရွာ၊ ကျောက်ဝေကျေးရွာတို့က အမျိုးသား၊ အမျိုးသမီး ၃၃ ဦးတို့ကို နေမျိုးအောင်နဲ့ မောင်ကျန်လူ (ခ) မျိုးမင်းတို့က တရုတ်နိုင်ငံမှာအလုပ်ရရှိမယ်ဆိုပြီး စည်းရုံးခဲ့တာ ဖြစ်ပါတယ်။

မာန်သစ္စာယာဉ်လိုင်းနဲ့ ခေါ်ယူလာစဉ် တောင်ကုတ်မြို့အထွက် စေတီကွင်းကျေးရွာအနီးမှာ သတင်းပေးချက်အရ မတ်လ ၃ ရက်နေ့ညက ဖမ်းဆီးခဲ့ပြီး နေမျိုးအောင်နဲ့ မောင်ကျန်လူတို့ကို အမှုဖွင့်ထားပါတယ်။ သွေးဆောင်ခံရသူ ၃၃ ဦးကို မိဘတွေထံ လွှဲပြောင်း အပ်နှံခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)