နယ္နိမိတ္မ်ဥ္းေပၚမွာ လူ ၁ ေထာင္ေက်ာ္ က်န္ေန

0
878

လူေတြ ဝင္ေရာက္ အေျခခ်ခြင့္ မရွိတဲ့ ျမန္မာ-ဘဂၤလားေဒ့ရွ္ နယ္နိမိတ္မ်ဥ္းေပၚမွာ အရင္က လူ ၆ ေထာင္ေက်ာ္ ရွိရာက အခု လူ ၁ ေထာင္ေက်ာ္ က်န္ေနေသးတယ္လို႔ ႏိုင္ငံေတာ္သမၼတ႐ံုး ေျပာခြင့္ရပုဂၢိဳလ္ ညႊြန္ၾကားေရးမွဴးခ်ဳပ္ ဦးေဇာ္ေဌးက ေျပာပါတယ္။

ျမန္မာ-ဘဂၤလားေဒ့ရွ္ ႏွစ္ႏိုင္ငံ တာဝန္ရွိသူေတြက အဲဒီနယ္နိမိတ္မ်ဥ္းကို သြားေရာက္ၿပီး လူေတြ ေနထိုင္ခြင့္ မရွိေၾကာင္း၊ ဘဂၤလားေဒ့ရွ္ဘက္က ႏိုင္ငံတကာ အဖြဲ႔အစည္းေတြက သြယ္ဝိုက္ ေထာက္ပံ့မႈေတြရွိေၾကာင္း ေျပာဆိုၿပီးေနာက္ ဘဂၤလားေဒ့ရွ္ဘက္ကို ထြက္ခြာသြားရာက အခု လူ ၁ ေထာင္ေက်ာ္ က်န္ရွိေနေသးတာ ျဖစ္ပါတယ္။

မတ္လ ၂ ရက္ေန႔က ျမန္မာ-ဘဂၤလားေဒ့ရွ္ ႏွစ္ႏိုင္ငံ တပ္ရင္းမႉးအဆင့္ ေတြ႕ဆံုေဆြးေႏြးပြဲကို နယ္စပ္ရွိ ေဂါင္းဒံုစခန္းမွာ က်င္းပပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နယ်နိမိတ်မျဉ်းပေါ်မှာ လူ ၁ ထောင်ကျော် ကျန်နေ

လူတွေ ဝင်ရောက် အခြေချခွင့် မရှိတဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်နိမိတ်မျဉ်းပေါ်မှာ အရင်က လူ ၆ ထောင်ကျော် ရှိရာက အခု လူ ၁ ထောင်ကျော် ကျန်နေသေးတယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ တာဝန်ရှိသူတွေက အဲဒီနယ်နိမိတ်မျဉ်းကို သွားရောက်ပြီး လူတွေ နေထိုင်ခွင့် မရှိကြောင်း၊ ဘင်္ဂလားဒေ့ရှ်ဘက်က နိုင်ငံတကာ အဖွဲ့အစည်းတွေက သွယ်ဝိုက် ထောက်ပံ့မှုတွေရှိကြောင်း ပြောဆိုပြီးနောက် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ခွာသွားရာက အခု လူ ၁ ထောင်ကျော် ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။

မတ်လ ၂ ရက်နေ့က မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ တပ်ရင်းမှူးအဆင့် တွေ့ဆုံဆွေးနွေးပွဲကို နယ်စပ်ရှိ ဂေါင်းဒုံစခန်းမှာ ကျင်းပပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)