လက္ခံမယ့္ ဒုကၡသည္စာရင္းေတြ ပံုစံမဝင္လို႔ ျပန္စိစစ္ေန

0
879

ျပန္လက္ခံမယ့္ လူဦးေရ ၈ ေထာင္ေက်ာ္ စာရင္းကို ဘဂၤလားေဒ့ရွ္က စိတ္ႀကိဳက္ ျဖည့္ခ်င္သလို ျဖည့္စြက္ထားတဲ့ ပံုစံျဖစ္ေနလို႔ ျမန္မာႏိုင္ငံ လဝက က ကိုယ့္ပံုစံအတိုင္း ျဖစ္ေအာင္ ျပန္စိစစ္ေနပါတယ္။

မတ္လ ၂ ရက္ေန႔က ျမန္မာ-ဘဂၤလားေဒ့ရွ္ ႏွစ္ႏိုင္ငံ တပ္ရင္းမႉးအဆင့္ ေတြ႔ဆံုေဆြးေႏြးပြဲနဲ႔ ပတ္သက္ၿပီး ႏိုင္ငံေတာ္သမၼတ႐ံုး ေျပာခြင့္ရပုဂၢိဳလ္ ညႊြန္ၾကားေရးမွဴးခ်ဳပ္ ဦးေဇာ္ေဌးက ေျပာသြားခဲ့တာ ျဖစ္ပါတယ္။

ျပည္ထဲေရး၀န္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေက်ာ္ေဆြ ေဖေဖာ္ဝါရီ ၁၅ ရက္ေန႔ကေန ၁၇ ရက္ေန႔အထိ ဘဂၤလားေဒ့ရွ္ ႏိုင္ငံကို သြားေရာက္စဥ္ လႊဲေျပာင္းေပမယ့္ အိမ္ေထာင္စု ၁၆၀၀ ေက်ာ္၊ လူ ၈ ေထာင္ေက်ာ္စာရင္းကို ေပးလိုက္တာ ျဖစ္ပါတယ္။ စာရင္းဟာ သူတို႔စိတ္ႀကိဳက္၊ သူတို႔ ျဖည့္ခ်င္သလို ျဖည့္စြက္ထားတဲ့ ပံုစံျဖစ္ေနတယ္လို႔ ဦးေဇာ္ေဌးက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လက်ခံမယ့် ဒုက္ခသည်စာရင်းတွေ ပုံစံမဝင်လို့ ပြန်စိစစ်နေ

ပြန်လက်ခံမယ့် လူဦးရေ ၈ ထောင်ကျော် စာရင်းကို ဘင်္ဂလားဒေ့ရှ်က စိတ်ကြိုက် ဖြည့်ချင်သလို ဖြည့်စွက်ထားတဲ့ ပုံစံဖြစ်နေလို့ မြန်မာနိုင်ငံ လဝက က ကိုယ့်ပုံစံအတိုင်း ဖြစ်အောင် ပြန်စိစစ်နေပါတယ်။

မတ်လ ၂ ရက်နေ့က မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ တပ်ရင်းမှူးအဆင့် တွေ့ဆုံဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသွားခဲ့တာ ဖြစ်ပါတယ်။

ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ ဖေဖော်ဝါရီ ၁၅ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို သွားရောက်စဉ် လွှဲပြောင်းပေမယ့် အိမ်ထောင်စု ၁၆၀ဝ ကျော်၊ လူ ၈ ထောင်ကျော်စာရင်းကို ပေးလိုက်တာ ဖြစ်ပါတယ်။ စာရင်းဟာ သူတို့စိတ်ကြိုက်၊ သူတို့ ဖြည့်ချင်သလို ဖြည့်စွက်ထားတဲ့ ပုံစံဖြစ်နေတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)