ကိုရိုနာဗိုင်းရပ်စ်ရောဂါ စောင့်ကြည့်လူနာ ရှစ်ဦးကို ဆေးကုသနေ

0
58

မြန်မာနိုင်ငံမှာ အဆုတ်ရောင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ သံသယရှိသူတွေကို စောင့်ကြည့် ကုသပေးနေရာ စုစုပေါင်း ရှစ်ဦး ရှိတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်း ထုတ်ပြန်ပါတယ်။

စောင့်ကြည့် လူနာရှစ်ဦးကတော့ ဝေဘာဂီ အထူးကုဆေးရုံမှာ နှစ်ဦး၊ လွိုင်ကော် ပြည်သူ့ဆေးရုံမှာ တစ်ဦး၊ ကျိုင်းတုံပြည်သူ့ဆေးရုံကြီးမှာ တစ်ဦး၊ နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံမှာ တစ်ဦး၊ ရခိုင်ပြည်နယ် မင်းပြား ပြည်သူ့ဆေးရုံမှာ တစ်ဦး၊ နေပြည်တော် ခုတင် (၁၀၀၀) ဆံ့ ဆေးရုံကြီးမှာ တစ်ဦး၊ တောင်ကြီး စပ်စံထွန်း ဆေးရုံကြီးမှာ တစ်ဦးတို့ ဖြစ်ပြီး ဖေဖော်ဝါရီလ ၄ ရက်နေ့ ညနေအထိ စစ်ဆေးချက်တွေအရ ကောင်းမွန်နေတယ်လို့ ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီလ ၄ ရက်နေ့အထိ သံသယလူနာ နှစ်ဦးနဲ့ လူနာ ကိုးဦးတို့ကို ဆေးရုံတွေမှာ ကုသပေးနေခဲ့ရာ လူနာတစ်ဦးက ဓာတ်ခွဲအြဖေမှာ နိုဗယ် ခိုရိုနာဗိုင်းရပ်စ် မတွေ့တဲ့အတွက် ဆေးရုံကနေ တင်းခွင့်ပြုခဲ့ပြီး ဖြစ်ပါတယ်။

ကိုရိုနာဗိုငျးရပျဈ အခွအေနေ တရုတျသံရုံးမှာ သတငျးစာ ရှငျးလငျးပှဲ ပွုလုပျ

လက်ရှိ ဖြစ်ပွားနေတဲ့ အဆုတ်ရောင် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေမှုတွေ၊ ကုသမှုတွေ၊ ကြိုတင်ကာကွယ်မှုတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

ရန်ကုန်မြို့၊ ပြည်လမ်းပေါ်ရှိ တရုတ်သံအမတ်ကြီး နေအိမ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သံရုံးယာယီ တာဝန်ခံ မစ္စ လီ ရှောက်ယန်က တရုတ်အစိုးရဟာ တရုတ်နိုင်ငံရောက် မြန်မာနိုင်ငံသားများအပါအဝင် နိုင်ငံခြားသားတိုင်းရဲ့ အသက်လုံခြုံမှုနဲ့ ကျန်းမာရေးကို အလေးထားပြီး အစီအမံတွေကို တက်ကြွစွာ ဆောင်ရွက်ထားကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကူးစက်တဲ့ အဆုတ်ရောင် ရောဂါအြခေအနေကို ရင်ဆိုင်ဖို့ လုပ်ငန်းဦးဆောင် အဖွဲ့ကို ဖွဲ့စည်းလိုက်ပြီး နိုင်ငံတော် ကောင်စီဝန်ကြီးချုပ် မစ္စတာ လီခဲ့ချန်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားကြောင်း ပြောခဲ့ပါတယ်။

ခိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ပြင်ဆင်ထုတ်လုပ်ရာမှာ ကာကွယ်ဆေးမျိုးစိတ် ရရှိဖို့ အချိန် တစ်လခွဲ၊ အတည်ပြုဖို့ အချိန် တစ်လခွဲ လိုအပ်ကြောင်း၊ ဇန်နဝါရီလ ၂၃ ရက်နေ့က ဝူဟန်မြို့မှာ လမ်းပန်းဆက်သွယ်ရေး ထိန်းချုပ်မှု စတင်လုပ်ခဲ့ပြီး မြို့ပြဘတ်စ်ကား၊ မြေအောက်ရထား၊ သင်္ဘော၊ အဝေးပြေးကား စတာတွေကို ယာယီပြေးဆွဲမှု ရပ်နားပြီး လေဆိပ်၊ ရထားဘူတာ စတဲ့ ဝူဟန်က ထွက်ခွာတဲ့ လမ်းကြောင်းတွေကို ယာယီ ပိတ်ထားခဲ့ကြောင်း၊ ဝူဟန်မြို့ကို သီးခြားစောင့်ကြည့် ကြည့်ရှုရာနေရာအဖြစ် ထားရှိကြောင်းလည်း သံရုံးယာယီ တာဝန်ခံက ပြောပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)