ရန်ကုန်မှာ ကျောတစ်ခင်းစာ အတွက်ခက်ခဲနေ (ရုပ်/သံ)

0
1702





လက်ရှိမှာ အဆောင်ဌားခပေါက်ဈေးအနေနဲ့တစ်ယောက်ခန်းတစ်ခန်းကို ကျပ်၎သောင်းခွဲကနေ၅သောင်း၊ ၀န်းကျင်ကျသင့်ပြီး အခန်းအကျယ်ဆိုရင် ခုနှစ်သောင်းကနေ တစ်သိန်းနီးပါးရှိနေတာဖြစ်ပါတယ် ။



>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရန်ကုန်မှာအဆောင်နေလူတန်းစားတွေအတွက် နေရာအခက်အခဲနဲ့အခန်းဈေးကြီးမြင့်တဲ့ ပြသာနာတွေနဲ့ကြုံတွေ့နေရပါတယ် ။ ဒီသတင်းကိုMCNသတင်းထောက် မောင်ထက် ကပေးပို့ထားတာပါ။

လူဦးရေ၇သန်းနီးပါး ရှိတဲ့ စီးပွားရေးမြို့တော် ရန်ကုန်မြို့ကိုနယ်ကနေလာရောက် အလုပ်လုပ်ကိုင်နေကြသူတွေအများအပြားရှိနေကြနေကြတာဖြစ်ပြီး ရန်ကုန်မြို့လူဦးရေရဲ့ သုံးပုံတစ်ပုံနီးပါးဟာရွှေ့ပြောင်းလာကြတာဖြစ်ပါတယ် ။
လက်ရှိမှာနယ်တွေကနေ စားဝတ်နေရေးတွေအတွက်ပြောင်းရွှေ့လာရောက်အလုပ်လုပ်ကိုင်ကြသူတွေ အနေနဲ့အဆောင်အခန်းခ ဈေးကြီးမြင့်တာတွေနဲ့ ကျော်တစ်ခင်းစာနေရာရဖို့အတွက်က ရုမ်းကန်နေကြရတာပါ ။

Soundbite-ကိုလွှမ်းမိုး (ပန်းဆိုးတန်းအနီးအဆောင်ဌားနေသူ)

ဒီလိုအဆောင်အခန်းဈေးတွေမြင့်တက်နေရတာဟာတိုက်ခန်းပိုင်ရှင်တွေကသူတို့တိုက်ခန်းတွေကိုဈေးမြင့်ပြီး ပြန်ငှားနေတာကြောင့်ဖြစ်ပြီး တစ်ချို့တွေကတိုက်ခန်းတွေကိုပြန်လည်ဌားရမ်းကာ အဆောင်သဘောမျိုးဖွင့်ပြီးစီးပွားရှာနေကြတာတွေလည်းရှိနေတာဖြစ်ပါတယ် ။
Soundbite-ကိုရဲရင့်နိုင် (အဆောင်ဌားလုပ်ငန်းလုပ်ကိုင်သူ)

ရန်ကုန်မှာအဆောင်နေသူအများစုဟာ ရန်ကုန်မြို့လယ်တွေဖြစ်တဲ့ လမ်းမတော်၊လသာ၊ ပန်းဘဲတန်း၊ကျောက်တံတား၊ စတဲ့မြို့တွင်းနေရာတွေမှာ အဆောင်နေထိုင်ကြတာဖြစ်ပြီး လူတစ်ယောက်စာအဆောင်ရဲ့အကျယ်အဝန်းက ၄ပေ၆ပေခန့်သာရှိနေတာပါ။
လက်ရှိမှာ အဆောင်ဌားခပေါက်ဈေးအနေနဲ့တစ်ယောက်ခန်းတစ်ခန်းကို ကျပ်၄သောင်းခွဲကနေ၅သောင်း၊ ဝန်းကျင်ကျသင့်ပြီး အခန်းအကျယ်ဆိုရင် ခုနှစ်သောင်းကနေ တစ်သိန်းနီးပါးရှိနေတာဖြစ်ပါတယ် ။

Soundbite ……သော်ဇင်ကိုကို (လျှပ်စစ်ဝန်ထမ်း)
၃၉လမ်းတွင် အဆောင်ဌားနေသူ

လက်ရှိရန်ကုန်မြို့က အဆောင်အခန်းတွေဟာ သန့်ရှင်းသပ်ရပ်မှုနဲ ့လေဝင်လေထွက်ကောင်းမွန်မှုမရှိတာတွေဖြစ်နေတာပါ ။ အဲ့ဒီအတွက် အဆောင်နေသူတွေက အဆောင်လုပ်ငန်းတွေကို လိုင်စင်နဲ့လုပ်ကိုင်စေလိုပြီး အခန်းအကျယ်အဝန်း ၊ဈေးနှုန်း၊ ကျန်းမာရေးနဲ့လိုက်လျောညီထွေရှိဖို့ စည်းမျဉ်းစည်းကမ်းတွေကို အစိုးရကသက်မှတ်လုပ်ဆောင်ပေးဖို့ လိုလားနေကြတာဖြစ်ပါတယ်ခင်ဗျာ ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)