ဆိုင္ကယ္ လုယက္သူေတြကို စစ္ေဆးရာ ဆိုင္ကယ္ ၁၂ စီး ထပ္မိ

0
1745

ရန္ကုန္တိုင္းမွာ လင္းယုန္ စီမံခ်က္နဲ႔ ဖမ္းဆီးထားတဲ့ ဆိုင္ကယ္လုယက္သူေတြကို စစ္ေဆးရာမွာ နည္းမ်ိဳးစံုနဲ႔ ခုိးယူ၊ လုယက္ထားတဲ့ ဆိုင္ကယ္ ၁၂ စီးကို ထပ္မံ ေဖာ္ထုတ္ႏိုင္ခဲ့ပါတယ္။

ဆိုင္ကယ္ ကယ္ရီ ေမာင္းသူကို လည္ပင္းညွစ္ၿပီး လုယက္ခဲ့သူ ျပည့္ၿဖိဳး (ခ) ေလာက္လား၊ ေအာင္ကိုလတ္ (ခ) ခ်စ္ကို (ခ) စိုးႀကီး၊ တြယ္တာဝင္း၊ ေဇာ္မင္းႏိုင္ (ခ) ကရင္ (ခ) ဖိုးခြားတို႔ကို ဖမ္းဆီး စစ္ေဆးခဲ့တာ ျဖစ္ပါတယ္။

အဲဒီလို စစ္ေဆးရာမွာ ရန္ကုန္တိုင္းအတြင္း နည္းမ်ိဳးစံုနဲ႔ ခိုးယူ၊ လုယက္ထားတဲ့ ၁၂ စီးကိုပါ ထပ္မံေဖာ္ထုတ္ႏိုင္ခဲ့တာ ျဖစ္တယ္လို႔ ရန္ကုန္တိုင္း ရဲတပ္ဖြဲ႔ရဲ႕ ေဖ့စ္ဘုတ္စာမ်က္မွာ ေဖာ္ျပထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဆိုင်ကယ် လုယက်သူတွေကို စစ်ဆေးရာ ဆိုင်ကယ် ၁၂ စီး ထပ်မိ

ရန်ကုန်တိုင်းမှာ လင်းယုန် စီမံချက်နဲ့ ဖမ်းဆီးထားတဲ့ ဆိုင်ကယ်လုယက်သူတွေကို စစ်ဆေးရာမှာ နည်းမျိုးစုံနဲ့ ခိုးယူ၊ လုယက်ထားတဲ့ ဆိုင်ကယ် ၁၂ စီးကို ထပ်မံ ဖော်ထုတ်နိုင်ခဲ့ပါတယ်။

ဆိုင်ကယ် ကယ်ရီ မောင်းသူကို လည်ပင်းညှစ်ပြီး လုယက်ခဲ့သူ ပြည့်ဖြိုး (ခ) လောက်လား၊ အောင်ကိုလတ် (ခ) ချစ်ကို (ခ) စိုးကြီး၊ တွယ်တာဝင်း၊ ဇော်မင်းနိုင် (ခ) ကရင် (ခ) ဖိုးခွားတို့ကို ဖမ်းဆီး စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို စစ်ဆေးရာမှာ ရန်ကုန်တိုင်းအတွင်း နည်းမျိုးစုံနဲ့ ခိုးယူ၊ လုယက်ထားတဲ့ ၁၂ စီးကိုပါ ထပ်မံဖော်ထုတ်နိုင်ခဲ့တာ ဖြစ်တယ်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရဲ့ ဖေ့စ်ဘုတ်စာမျက်မှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)