အခ်ိန္ပိုေၾကး မရလို႔ One of Front အထည္ခ်ဳပ္စက္႐ံုမွာ စုေပါင္း ေတာင္းဆို (႐ုပ္/သံ)

0
1717

လႈိင္သာယာ စက္မႈဇုန္က ONE OF FRONT အထည္ခ်ဳပ္စက္ရုံမွာ အလုပ္ပိတ္ရက္ေတြမွာ အလုပ္ဆင္းရင္ အခ်ိန္ပိုေၾကး မရတဲ႔အတြက္ အလုပ္သမားေတြ စုေပါင္းေတာင္းဆိုေနပါတယ္ ။ ဒီသတင္းကို MCN သတင္းေထာက္ တင္ေမာင္ေထြး က ေပးပို႔ထားပါတယ္။

၁၉၅၁ ခုႏွစ္ ခြင့္ရက္ႏွင့္ အလုပ္ပိတ္ရက္ဥပေဒအရ အမ်ားျပည္သူ အလုပ္ပိတ္ရက္နဲ႔ တနဂၤေႏြ အလုပ္ပိတ္ရက္ အလုပ္ဆင္းရရင္ ေဒးေၾကး ႏွစ္ဆနဲ႔ ရွားပါးစရိတ္ခံစားခြင့္ရွိတယ္လို႔ ေဖၚျပထားပါတယ္ ။
အလုပ္သမားဥပေဒအရ အဲ႔ဒီလိုေဖာ္ျပထားေပမယ္႔ လႈိင္သာယာ စက္မႈဇုန္ ၁ ထဲက ONE OF FRONT အထည္ခ်ဳပ္စက္ရုံက အလုပ္သမားေတြဟာ အမ်ားျပည္သူအလုပ္ပိတ္ရက္နဲ႔ တနဂၤေႏြ အလုပ္ပိတ္ရက္ေတြမွာ အလုပ္ဆင္းရေပမယ့္ အခ်ိန္ပိုေၾကးမရရွိတာေၾကာင့္ ေဖေဖၚဝါရီလ ၂ ရက္ေန႔ကစၿပီး စက္ရုံေရွ႕ စုေပါင္းေတာင္းဆို ေနၾကတာပါ ။

Soundbite— ကိုေအာင္စည္သူ (အလုပ္သမား) ONE OF FRONT အထည္ခ်ဳပ္စက္ရုံ

ဒါ့အျပင္ အဲဒီစက္ရုံမွာ အရင္က ေပးထားတဲ႔ အထည္တစ္ကတ္ေၾကးကိုလည္း မေပးေတာ့တာေၾကာင့္ အမ်ားျပည္သူ အလုပ္ပိတ္ရက္နဲ႔ တနဂၤေႏြ အလုပ္ပိတ္ရက္ေတြအတြက္ ေဒးေၾကး ႏွစ္ဆ ေပးဖို႔နဲ႔ အထည္တစ္ကတ္ေၾကးေတြ ျပန္ေပးဖို႔အပါအဝင္ အခ်က္ေပါင္း ၂၀ ကို အလုပ္သမားေတြက စုေပါင္းေတာင္းဆို ေနတာပါ။

Soundbite— ကိုေအာင္ေဇာ္မိုး (အလုပ္သမား) ONE OF FRONT အထည္ခ်ဳပ္စက္ရုံ

အခုလိုအလုပ္သမားေတြစုေပါင္းေတာင္းဆိုေနတဲ႔အတြက္ စက္ရုံကတာဝန္ရွိသူေတြကို ေတြ႔ဆုံေမးျမန္းဖို႔ စက္ရုံလုံၿခဳံေရးကတဆင့္ အေၾကာင္းၾကားခဲ႔ေပမယ့္ စက္ရုံမန္ေနဂ်ာ မရွိလို႔ မေျဖၾကားႏိုင္ေၾကာင္း ျပန္လည္ေျပာဆိုခဲ႔ပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လှိုင်သာယာ စက်မှုဇုန်က ONE OF FRONT အထည်ချုပ်စက်ရုံမှာ အလုပ်ပိတ်ရက်တွေမှာ အလုပ်ဆင်းရင် အချိန်ပိုကြေး မရတဲ့အတွက် အလုပ်သမားတွေ စုပေါင်းတောင်းဆိုနေပါတယ် ။ ဒီသတင်းကို MCN သတင်းထောက် တင်မောင်ထွေး က ပေးပို့ထားပါတယ်။

၁၉၅၁ ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက်ဥပဒေအရ အများပြည်သူ အလုပ်ပိတ်ရက်နဲ့ တနင်္ဂနွေ အလုပ်ပိတ်ရက် အလုပ်ဆင်းရရင် ဒေးကြေး နှစ်ဆနဲ့ ရှားပါးစရိတ်ခံစားခွင့်ရှိတယ်လို့ ဖေါ်ပြထားပါတယ် ။
အလုပ်သမားဥပဒေအရ အဲ့ဒီလိုဖော်ပြထားပေမယ့် လှိုင်သာယာ စက်မှုဇုန် ၁ ထဲက ONE OF FRONT အထည်ချုပ်စက်ရုံက အလုပ်သမားတွေဟာ အများပြည်သူအလုပ်ပိတ်ရက်နဲ့ တနင်္ဂနွေ အလုပ်ပိတ်ရက်တွေမှာ အလုပ်ဆင်းရပေမယ့် အချိန်ပိုကြေးမရရှိတာကြောင့် ဖေဖေါ်ဝါရီလ ၂ ရက်နေ့ကစပြီး စက်ရုံရှေ့ စုပေါင်းတောင်းဆို နေကြတာပါ ။

Soundbite— ကိုအောင်စည်သူ (အလုပ်သမား) ONE OF FRONT အထည်ချုပ်စက်ရုံ

ဒါ့အပြင် အဲဒီစက်ရုံမှာ အရင်က ပေးထားတဲ့ အထည်တစ်ကတ်ကြေးကိုလည်း မပေးတော့တာကြောင့် အများပြည်သူ အလုပ်ပိတ်ရက်နဲ့ တနင်္ဂနွေ အလုပ်ပိတ်ရက်တွေအတွက် ဒေးကြေး နှစ်ဆ ပေးဖို့နဲ့ အထည်တစ်ကတ်ကြေးတွေ ပြန်ပေးဖို့အပါအဝင် အချက်ပေါင်း ၂၀ ကို အလုပ်သမားတွေက စုပေါင်းတောင်းဆို နေတာပါ။

Soundbite— ကိုအောင်ဇော်မိုး (အလုပ်သမား) ONE OF FRONT အထည်ချုပ်စက်ရုံ

အခုလိုအလုပ်သမားတွေစုပေါင်းတောင်းဆိုနေတဲ့အတွက် စက်ရုံကတာဝန်ရှိသူတွေကို တွေ့ဆုံမေးမြန်းဖို့ စက်ရုံလုံခြုံရေးကတဆင့် အကြောင်းကြားခဲ့ပေမယ့် စက်ရုံမန်နေဂျာ မရှိလို့ မဖြေကြားနိုင်ကြောင်း ပြန်လည်ပြောဆိုခဲ့ပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)