
0
1806




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြန်လည် ဝင်ရောက်လာသူ တစ်ဦးမှ မရှိသေး

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲမြို့၊ ပြန်လည်လက်ခံရေး စခန်းနဲ့ ငါးခူရ ပြန်လည်လက်ခံရေး စခန်းတို့မှာ မနေ့က ဖေဖော်ဝါရီ ၄ ရက်နေ့အထိ နေရပ်ပြန်လာသူ တစ်ဦးမှ မရှိသေးဘူးလို့ ပြည်ထဲရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

တောင်ပြိုလက်ဝဲ ပြန်လည် လက်ခံရေး စခန်းမှာ လဝက က ၃၃ ဦး၊ လူ/ကယ်/ပြန်က ၄ ဦး၊ မီးသတ်က ၄ ဦး၊ မှုခင်းရဲတပ်ဖွဲ့က ၄ ဦး၊ သတင်းရဲတပ်ဖွဲ့က ၈ ဦး၊ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့က ၅ ဦး၊ သူနာပြု ၄ ဦးတို့နဲ့ ပြန်လည် လက်ခံရေး ဆောင်ရွက်ဖို့ အသင့်ရှိနေကြပါတယ်။

ငါးခူရ ပြန်လည် လက်ခံရေး စခန်းမှာတော့ လဝက က ၃၀ ဦး၊ လူ/ကယ်/ပြန်က ၄ ဦး၊ မှုခင်းရဲတပ်ဖွဲ့က ၄ ဦး၊ သတင်းရဲတပ်ဖွဲ့က ၈ ဦး၊ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့က ၅ ဦး၊ သူနာပြု ၃ ဦးတို့နဲ့ အသင့်ရှိနေကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)