LIA ေျခအိတ္စက္ရုံကအလုပ္သမားေတြ အလုပ္သမားတန္းတူအခြင့္အေရးေပးဖို႔ စုေပါင္းေတာင္းဆို(႐ုပ္/သံ)

0
1726

လႈိင္သာယာစက္မႈဇုန္ LIA ေျခအိတ္စက္ရုံကအလုပ္သမားေတြ အလုပ္သမားတန္းတူအခြင့္အေရးေပးဖို႔ စုေပါင္းေတာင္းဆိုေနပါတယ္ ။ ဒီသတင္းကို MCN သတင္းေထာက္ တင္ေမာင္ေထြးက ေပးပို႔ထားပါတယ္။

လႈိင္သာယာစက္မႈဇုန္ ၃ ထဲက LIA ေျခအိတ္စက္ရုံမွာ အကၤ်ီအျပာေရာင္ဝတ္အလုပ္သမားေတြနဲ႔ အစိမ္းေရာင္ ဝတ္အလုပ္သမားေတြရွိေနၿပီး ၿပီးခဲ႔တဲ႔ ဇန္နဝါရီလက အစိမ္းေရာင္ဝတ္အလုပ္သမားေတြကို ကၽြမ္းက်င္ေၾကး အေနနဲ႔ အနိမ္႔ဆုံး ၄၀၀၀၀ ကေန တစ္သိန္းေက်ာ္အထိ တိုးျမွင့္ေပးလိုက္တာျဖစ္ပါတယ္ ။

အဲဒီလို အစိမ္းေရာင္ဝတ္အလုပ္သမားေတြကို ကၽြမ္းက်င္ေၾကး တိုးျမွင့္ေပးလိုက္သလို အျပာေရာင္ဝတ္အလုပ္ သမားေတြကိုလည္း ကၽြမ္းက်င္ေၾကးတိုးျမွင့္ေပးဖို႔ အလုပ္ရွင္နဲ႔ ညွိႏႈိင္းေဆြးေႏြးခဲ႔ေပမယ့္ အဆင္မေျပမႈေတြရွိ ခဲ႔တာေၾကာင့္ ေဖေဖၚဝါရီလ ၁ ရက္ေန႔မွာ စက္ရုံေရွ႕မွာ စုေပါင္းေတာင္းဆိုေနတာပါ ။

Soundbite— မမာလာျမင့္ (အဖြဲ႔ဝင္) LIA ေျခအိတ္စက္ရုံအေျခခံအလုပ္သမားသမဂၢ

အစိမ္းေရာင္ဝတ္အလုပ္သမားေတြက ေန႔ဆိုင္း/ညဆိုင္း အလုပ္ဆင္းရၿပီး၊ အျပာေရာင္ဝတ္ အလုပ္သမားေတြက ေန႔ဆိုင္းသာ အလုပ္ဆင္းရတာပါ။ အလုပ္သမားအခြင့္အေရးတန္းတူရဖို႔ေတာင္းဆိုေနတဲ႔ အလုပ္သမားေတြက ကၽြမ္းက်င္ေၾကးနဲ႔ ရက္မွန္ေၾကး ေပးဖို႔ တန္းတူအခြင့္အေရးေပးဖို႔နဲ႔ အလုပ္သမားေတြအေပၚခြဲျခားမဆက္ဆံဖို႔အပါအ၀င္ အခ်က္ေပါင္း ၁၅ ခ်က္ကိုေတာင္းဆိုထားတာပါ ။

Soundbite— ကိုဇင္ဘို (ဥကၠဌ) LIA ေျခအိတ္စက္ရုံအေျခခံအလုပ္သမားသမဂၢ

အခုလိုျဖစ္ပြားေနတဲ႔ကိစၥကို အလုပ္ရွင္နဲ႔ အလုပ္သမားကိုယ္စားလွယ္ေတြ စက္ရုံတြင္းအႀကိမ္ႀကိမ္ ညိွႏႈိင္းခဲ႔သလို ၿမိဳ႕နယ္ညွိႏႈိင္းဖ်န္ေျဖေရးမွာလည္း ညွိႏႈိင္းထားေပမယ္႔ေျပလည္မႈမရွိေသးတာျဖစ္ပါတယ္ ။
အလုပ္သမားေတြ စက္ရုံေရွ႕စုေပါင္းေတာင္းဆိုေနတာနဲ႔ ပတ္သက္ၿပီး စက္ရုံမန္ေနဂ်ာနဲ႔ ဆက္သြယ္ခဲ႔ေပမယ့္ အခုလက္ရွိမွာ မီဒီယာနဲ႔ ေတြ႔ဆုံေျဖၾကားဖို႔ မျဖစ္ႏိုင္ေသးဘူးလို႔ ျငင္းဆိုထားပါတယ္ ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လှိုင်သာယာစက်မှုဇုန် LIA ခြေအိတ်စက်ရုံကအလုပ်သမားတွေ အလုပ်သမားတန်းတူအခွင့်အရေးပေးဖို့ စုပေါင်းတောင်းဆိုနေပါတယ် ။ ဒီသတင်းကို MCN သတင်းထောက် တင်မောင်ထွေးက ပေးပို့ထားပါတယ်။

လှိုင်သာယာစက်မှုဇုန် ၃ ထဲက LIA ခြေအိတ်စက်ရုံမှာ အင်္ကျီအပြာရောင်ဝတ်အလုပ်သမားတွေနဲ့ အစိမ်းရောင် ဝတ်အလုပ်သမားတွေရှိနေပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလက အစိမ်းရောင်ဝတ်အလုပ်သမားတွေကို ကျွမ်းကျင်ကြေး အနေနဲ့ အနိမ့်ဆုံး ၄၀ဝ၀ဝ ကနေ တစ်သိန်းကျော်အထိ တိုးမြှင့်ပေးလိုက်တာဖြစ်ပါတယ် ။

အဲဒီလို အစိမ်းရောင်ဝတ်အလုပ်သမားတွေကို ကျွမ်းကျင်ကြေး တိုးမြှင့်ပေးလိုက်သလို အပြာရောင်ဝတ်အလုပ် သမားတွေကိုလည်း ကျွမ်းကျင်ကြေးတိုးမြှင့်ပေးဖို့ အလုပ်ရှင်နဲ့ ညှိနှိုင်းဆွေးနွေးခဲ့ပေမယ့် အဆင်မပြေမှုတွေရှိ ခဲ့တာကြောင့် ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှာ စက်ရုံရှေ့မှာ စုပေါင်းတောင်းဆိုနေတာပါ ။

Soundbite— မမာလာမြင့် (အဖွဲ့ဝင်) LIA ခြေအိတ်စက်ရုံအခြေခံအလုပ်သမားသမဂ္ဂ

အစိမ်းရောင်ဝတ်အလုပ်သမားတွေက နေ့ဆိုင်း/ညဆိုင်း အလုပ်ဆင်းရပြီး၊ အပြာရောင်ဝတ် အလုပ်သမားတွေက နေ့ဆိုင်းသာ အလုပ်ဆင်းရတာပါ။ အလုပ်သမားအခွင့်အရေးတန်းတူရဖို့တောင်းဆိုနေတဲ့ အလုပ်သမားတွေက ကျွမ်းကျင်ကြေးနဲ့ ရက်မှန်ကြေး ပေးဖို့ တန်းတူအခွင့်အရေးပေးဖို့နဲ့ အလုပ်သမားတွေအပေါ်ခွဲခြားမဆက်ဆံဖို့အပါအဝင် အချက်ပေါင်း ၁၅ ချက်ကိုတောင်းဆိုထားတာပါ ။

Soundbite— ကိုဇင်ဘို (ဥက္ကဌ) LIA ခြေအိတ်စက်ရုံအခြေခံအလုပ်သမားသမဂ္ဂ

အခုလိုဖြစ်ပွားနေတဲ့ကိစ္စကို အလုပ်ရှင်နဲ့ အလုပ်သမားကိုယ်စားလှယ်တွေ စက်ရုံတွင်းအကြိမ်ကြိမ် ညှိနှိုင်းခဲ့သလို မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးမှာလည်း ညှိနှိုင်းထားပေမယ့်ပြေလည်မှုမရှိသေးတာဖြစ်ပါတယ် ။
အလုပ်သမားတွေ စက်ရုံရှေ့စုပေါင်းတောင်းဆိုနေတာနဲ့ ပတ်သက်ပြီး စက်ရုံမန်နေဂျာနဲ့ ဆက်သွယ်ခဲ့ပေမယ့် အခုလက်ရှိမှာ မီဒီယာနဲ့ တွေ့ဆုံဖြေကြားဖို့ မဖြစ်နိုင်သေးဘူးလို့ ငြင်းဆိုထားပါတယ် ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)