KIA ေထာင္ထားတဲ့ တုိက္မုိ္င္းတစ္လံုးေၾကာင့္ ေဒသခံျပည္သူတစ္ဦး ဒဏ္ရာရရွိခဲ့

0
1756

ကခ်င္ျပည္နယ္၊ မိုးေကာင္းၿမိဳ႕နယ္မွာ ေဖေဖာ္၀ါရီလ ၂ ရက္ေန႔က KIA အၾကမ္းဖက္ေသာင္းက်န္းသူေတြ ေထာင္ထားတဲ့ တိုက္မိုင္းတစ္လံုး ေပါက္ကြဲခဲ့တာေၾကာင့္ ေဒသခံျပည္သူတစ္ဦး ဒဏ္ရာရရွိခဲ့ပါတယ္။

ကခ်င္ျပည္နယ္၊ မိုးေကာင္းၿမိဳ႕နယ္၊ ပင္ကြင္းေက်းရြာေန ဦးေရႊသီး(ဘ)ဦးဘခ်စ္ ဟာ ေဖေဖာ္ဝါရီ ၂ ရက္ေန႔ မနက္ပိုင္းမွာ မိုင္ခြန္ ပထင္းေမွာ္အတြင္း ပယင္းတူးေဖာ္ဖို႔ ေနအိမ္က ထြက္ခြာလာရင္း မိုင္ခြန္ေက်းရြာရဲ႕ ေတာင္ဘက္ ၂ မုိင္ခန္႔ အကြာအေရာက္မွာ KIA အၾကမ္းဖက္ ေသာင္းက်န္းသူေတြ ေထာင္ထားတဲ့ တုိက္မိုင္းတစ္လံုးကို တုိက္မိ ေပါက္ကြဲ ခဲ့တာေၾကာင့္ မိုင္းစထိမွန္ကာ ဒဏ္ရာေတြ ရရွိခဲ့တာျဖစ္တယ္လို႔ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ရံုက ေဖေဖာ္၀ါရီလ ၅ ရက္ေန႔ မနက္ပိုင္းမွာ သတင္းထုတ္ျပန္ခဲ့ပါတယ္။

လက္ရွိမွာ မိုင္းထိထားတဲ့ လူနာ ဦးေရႊသီး ဟာ တႏိုင္းျပည္သူ႕ေဆးရံုမွာ ေဆးကုသမႈ ခံယူေနတယ္လို႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

IA ထောင်ထားတဲ့ တိုက်မိ်ုင်းတစ်လုံးကြောင့် ဒေသခံပြည်သူတစ်ဦး ဒဏ်ရာရရှိခဲ့

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်မှာ ဖေဖော်ဝါရီလ ၂ ရက်နေ့က KIA အကြမ်းဖက်သောင်းကျန်းသူတွေ ထောင်ထားတဲ့ တိုက်မိုင်းတစ်လုံး ပေါက်ကွဲခဲ့တာကြောင့် ဒေသခံပြည်သူတစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ပင်ကွင်းကျေးရွာနေ ဦးရွှေသီး(ဘ)ဦးဘချစ် ဟာ ဖေဖော်ဝါရီ ၂ ရက်နေ့ မနက်ပိုင်းမှာ မိုင်ခွန် ပထင်းမှော်အတွင်း ပယင်းတူးဖော်ဖို့ နေအိမ်က ထွက်ခွာလာရင်း မိုင်ခွန်ကျေးရွာရဲ့ တောင်ဘက် ၂ မိုင်ခန့် အကွာအရောက်မှာ KIA အကြမ်းဖက် သောင်းကျန်းသူတွေ ထောင်ထားတဲ့ တိုက်မိုင်းတစ်လုံးကို တိုက်မိ ပေါက်ကွဲ ခဲ့တာကြောင့် မိုင်းစထိမှန်ကာ ဒဏ်ရာတွေ ရရှိခဲ့တာဖြစ်တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံက ဖေဖော်ဝါရီလ ၅ ရက်နေ့ မနက်ပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိမှာ မိုင်းထိထားတဲ့ လူနာ ဦးရွှေသီး ဟာ တနိုင်းပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)