ေခတ္ေဟာင္း ႐ုပ္ရွင္မင္းသားႀကီး လင္းထင္ ကြယ္လြန္

0
2497

ေခတ္ေဟာင္း နာမည္ေက်ာ္ ဇာတ္ပို႔ဇာတ္ရံ သ႐ုပ္ေဆာင္ ႐ုပ္ရွင္မင္းသားႀကီး လင္းထင္ (၇၀ ႏွစ္) ဟာ ေဖေဖာ္ဝါရီလ ၃ ရက္ေန႔ည ၈ နာရီက မႏၱေလးၿမိဳ႕မွာ ကြယ္လြန္သြားခဲ့ပါတယ္။

႐ုပ္ရွင္မင္းသားႀကီး လင္းထင္ ပါဝင္ၿပီး ထင္ရွားတဲ့ ဇာတ္ကားေတြကေတာ့ ဘယ္ပန္းခ်ီေရးလို႔ မမီ၊ ေစလိုရာေစ၊ ေက်ာ့္ကိုခ်စ္မလား ေဇာ့္ကိုခ်စ္မလား၊ ဓားဘုရင္၊ ႏွမငယ္ေထြး ငယ္ပါေသး စတဲ့ ဇာတ္ကားေတြ ျဖစ္ပါတယ္။ သူနဲ႔ ေခတ္ၿပိဳင္မင္းသားႀကီးေတြကေတာ့ လင္းေအာင္၊ ေဇာ္လင္း၊ ေက်ာ္ဟိန္း၊ ေဇာ္ဝမ္းတို႔ ျဖစ္ၾကပါတယ္။

သ႐ုပ္ေဆာင္ ဇာဂနာ (ေမာင္သူရ) က “ျမန္မာျပည္မွာ ဗီလိန္ဇာတ္႐ုပ္နဲ႔ ႐ုပ္႐ွင္နယ္ထဲ ဝင္လာခဲ့သူပါ။ ၿပီးေတာ့ ဒိတ္ဒိတ္ႀကဲ မင္းသားျဖစ္ခဲ့တယ္။ အကယ္ဒမီေတာ့ မရခဲ့ဖူးေပါ့။ ေစလိုရာေစမွာ လူဆိုးဆရာႀကီး။ ေဇာ္ဝမ္းက ႏွင္းရည္စိုလူး ရာသီဦးဝယ္ ပြင့္လႊာျဖဴေဖြး မာလာေလးရယ္ လို႔ ဆိုေနေတာ့ စားပြဲထိပ္ မိန္႔မိန္႔ႀကီးထိုင္ေနတဲ့ ၿပံဳးစစ မခိုးမခန္႔မ်က္ႏွာနဲ႔ ဗီလိန္ အစစ္။ ဘယ္ပန္းခ်ီေရးလို႔မမီ က်ေတာ့ အေဖ့အတြက္ အ႐ွက္ကို အသက္နဲ႔ လဲေပးရွာသူ သနားစရာ ဇာတ္႐ုပ္နဲ႔ ေအာင္ျမင္ခဲ့တဲ့ လင္းထင္။ ခုေတာ့ ကြယ္လြန္႐ွာၿပီ” လို႔ သူ႔ရဲ႕ ေဖ့စ္ဘုတ္ လူမႈကြန္ရက္မွာ ေရးသားထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ခေတ်ဟောင်း ရုပ်ရှင်မင်းသားကြီး လင်းထင် ကွယ်လွန်

ခေတ်ဟောင်း နာမည်ကျော် ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင် ရုပ်ရှင်မင်းသားကြီး လင်းထင် (၇၀ နှစ်) ဟာ ဖေဖော်ဝါရီလ ၃ ရက်နေ့ည ၈ နာရီက မန္တလေးမြို့မှာ ကွယ်လွန်သွားခဲ့ပါတယ်။

ရုပ်ရှင်မင်းသားကြီး လင်းထင် ပါဝင်ပြီး ထင်ရှားတဲ့ ဇာတ်ကားတွေကတော့ ဘယ်ပန်းချီရေးလို့ မမီ၊ စေလိုရာစေ၊ ကျော့်ကိုချစ်မလား ဇော့်ကိုချစ်မလား၊ ဓားဘုရင်၊ နှမငယ်ထွေး ငယ်ပါသေး စတဲ့ ဇာတ်ကားတွေ ဖြစ်ပါတယ်။ သူနဲ့ ခေတ်ပြိုင်မင်းသားကြီးတွေကတော့ လင်းအောင်၊ ဇော်လင်း၊ ကျော်ဟိန်း၊ ဇော်ဝမ်းတို့ ဖြစ်ကြပါတယ်။

သရုပ်ဆောင် ဇာဂနာ (မောင်သူရ) က “မြန်မာပြည်မှာ ဗီလိန်ဇာတ်ရုပ်နဲ့ ရုပ်ရှင်နယ်ထဲ ဝင်လာခဲ့သူပါ။ ပြီးတော့ ဒိတ်ဒိတ်ကြဲ မင်းသားဖြစ်ခဲ့တယ်။ အကယ်ဒမီတော့ မရခဲ့ဖူးပေါ့။ စေလိုရာစေမှာ လူဆိုးဆရာကြီး။ ဇော်ဝမ်းက နှင်းရည်စိုလူး ရာသီဦးဝယ် ပွင့်လွှာဖြူဖွေး မာလာလေးရယ် လို့ ဆိုနေတော့ စားပွဲထိပ် မိန့်မိန့်ကြီးထိုင်နေတဲ့ ပြုံးစစ မခိုးမခန့်မျက်နှာနဲ့ ဗီလိန် အစစ်။ ဘယ်ပန်းချီရေးလို့မမီ ကျတော့ အဖေ့အတွက် အရှက်ကို အသက်နဲ့ လဲပေးရှာသူ သနားစရာ ဇာတ်ရုပ်နဲ့ အောင်မြင်ခဲ့တဲ့ လင်းထင်။ ခုတော့ ကွယ်လွန်ရှာပြီ” လို့ သူ့ရဲ့ ဖေ့စ်ဘုတ် လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)