
0
1824




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တမူးခရိုင် အုပ်ချုပ်ရေးမှူးဟောင်းကို အဂတိလိုက်စားမှုနဲ့ တရားစွဲ အရေးယူ

စစ်ကိုင်းတိုင်း၊ တမူးခရိုင် အုပ်ချုပ်ရေးမှူးဟောင်း ဖြစ်ပြီး အခု ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဒု အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦး ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က တရားစွဲ အရေးယူထားပါတယ်။

ဦးသိန်းဇော်ဦးဟာ ဓာတ်သတ္တုခွန်တွေ ကောက်ခံပြီး အစိုးရအဖွဲ့ကို ငွေကြေး အပြည့်အဝ မသွင်းဘဲ ကိုယ်ကျိုးအတွက် သုံးတာ၊ လင်းလက်ဓနကြွယ် ဆောက်လုပ်ရေး ကုမ္ပဏီရဲ့ မီးသတ်ရေကန် အလှူငွေကို ကိုယ်ကျိုးသုံးတာ၊ မြို့မြေကွက် ၂၀ ကို ရောင်းချပြီး ငွေကြေးရယူတာတွေကြောင့် တိုင်ကြားခံခဲ့ရတာ ဖြစ်ပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က စစ်ဆေးရာမှာ ဓာတ်သတ္တုခွန် ငွေကျပ် ၃၃၃ သိန်းကျော် အပါအဝင် အဂတိလိုက်စားမှုတွေ ကျူးလွန်ကြောင်း ပေါ်ပေါက်တဲ့အတွက် မနေ့က ဖေဖော်ဝါရီ ၄ ရက်နေ့က တမူးမြို့နယ် ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့ပြီး စစ်ကိုင်းတိုင်း တရားလွှတ်မှာ တရားစွဲမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)