မစၥ ယန္ဟီးလီ မွတ္ခ်က္ကို ထိုင္းက မမွန္ကန္ေၾကာင္း တံု႔ျပန္

0
2880

ထိုင္းမွာ ရွိေနတဲ့ ျမန္မာ ေရႊ႕ေျပာင္း ဒုကၡသည္ေတြရဲ႕ အေျခခံလူ႔အခြင့္အေရးေတြ ရေအာင္ လုပ္မေပးႏိုင္ဘူးလို႔ မစၥ ယန္ဟီးလီရဲ႕ စြပ္စြဲခ်က္ကို ထိုင္းက “မမွန္ကန္၊ တရားမမွ်တ” တဲ့ စြပ္စြဲခ်က္ ျဖစ္တယ္လို႔ တံု႔ျပန္လိုက္ပါတယ္။

ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢ အထူးကိုယ္စားလွယ္ မစၥ ယန္ဟီးလီက သူ႔ရဲ႕ ခရီးစဥ္အၿပီး ေတာင္ကိုရီးယားႏိုင္ငံ၊ ဆိုးလ္ၿမိဳ႕ကေန ထုတ္ျပန္တဲ့ ထုတ္ျပန္ခ်က္မွာ အခုလို ထိုင္းႏိုင္ငံကို ေရးသားေဖာ္ျပထားတာ ျဖစ္ပါတယ္။

ဒီသတင္းစကားဟာ မမွန္ဘူး၊ တရားမွ်တမႈလည္း မရွိဘူး၊ အရပ္ဖက္အဖြဲ႔အစည္းေတြ၊ ကုလသမဂၢနဲ႔ ထိုင္း ေအဂ်င္စီေတြနဲ႔ အကူအညီနဲ႔ ျမန္မာျပည္ကေန လာေရာက္ခိုလံႈသူေတြကို ေနထိုင္စရာ၊ စားနပ္ရိကၡာ၊ ပညာေရး၊ က်န္းမာေရး ေစာင့္ေရွာက္မႈ၊ ေမြးစာရင္းလုပ္ေပးတာနဲ႔ ဘာသာေရး အခမ္းအနားေတြကို လုပ္ေဆာင္ေပးခဲ့တယ္လို႔ ထိုင္းႏိုင္ငံျခားေရး ဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မစ္စ ယန်ဟီးလီ မှတ်ချက်ကို ထိုင်းက မမှန်ကန်ကြောင်း တုံ့ပြန်

ထိုင်းမှာ ရှိနေတဲ့ မြန်မာ ရွှေ့ပြောင်း ဒုက္ခသည်တွေရဲ့ အခြေခံလူ့အခွင့်အရေးတွေ ရအောင် လုပ်မပေးနိုင်ဘူးလို့ မစ္စ ယန်ဟီးလီရဲ့ စွပ်စွဲချက်ကို ထိုင်းက “မမှန်ကန်၊ တရားမမျှတ” တဲ့ စွပ်စွဲချက် ဖြစ်တယ်လို့ တုံ့ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စ ယန်ဟီးလီက သူ့ရဲ့ ခရီးစဉ်အပြီး တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ကနေ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာ အခုလို ထိုင်းနိုင်ငံကို ရေးသားဖော်ပြထားတာ ဖြစ်ပါတယ်။

ဒီသတင်းစကားဟာ မမှန်ဘူး၊ တရားမျှတမှုလည်း မရှိဘူး၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂနဲ့ ထိုင်း အေဂျင်စီတွေနဲ့ အကူအညီနဲ့ မြန်မာပြည်ကနေ လာရောက်ခိုလှုံသူတွေကို နေထိုင်စရာ၊ စားနပ်ရိက္ခာ၊ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှု၊ မွေးစာရင်းလုပ်ပေးတာနဲ့ ဘာသာရေး အခမ်းအနားတွေကို လုပ်ဆောင်ပေးခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)