ေက်ာင္းသားေတြရဲ႕ ေတာင္းဆိုခ်က္ေတြ မလိုက္ေလ်ာရင္ ေနာက္အစီအစဥ္ေတြ ပိုၾကမ္းမယ္လို႔ ဆို

0
2091

ေက်ာင္းသားေတြ ဂုဏ္သိကၡာအရ ေက်ာင္းျပန္တက္ခြင့္ ရဖို႔နဲ႔ ပညာေရးစရိတ္ တိုးျမွင့္ေပးဖို႔ တစ္ႏုိင္ငံလံုးမွာရွိတဲ့ ေက်ာင္းသား သမဂၢေတြ စုေပါင္း ေတာင္းဆိုသြားမွာ ျဖစ္ပါတယ္။

အဲဒီလို ေတာင္းဆိုဖို႔အတြက္ ေဖေဖာ္ဝါရီလ ၇ ရက္ေန႔ ပခုကၠဴ တကၠသိုလ္မွာ ျမန္မာႏိုင္ငံတစ္ဝန္းက ေက်ာင္းသားသမဂၢအဖြဲ႔ေတြ ေတြ႔ဆံုၿပီး အစည္းအေဝး ျပဳလုပ္မွာ ျဖစ္ပါတယ္။ အစည္းအေဝးမွာ ေက်ာင္းသားေတြ ဂုဏ္သိကၡာအရ ေက်ာင္းျပန္တက္ခြင့္ရဖို႔နဲ႔ ပညာေရးစရိတ္ တိုးျမွင့္ေပးဖို႔ ေတာင္းဆို ခ်က္ ၂ ခ်က္ကို လႊတ္ေတာ္မွာ ေခၚယူၿပီး စားပြဲဝိုင္း ေျဖရွင္းနည္းနဲ႔ ေျဖရွင္းေပးဖို႔ ျဖစ္ပါတယ္။

အစိုးရအေနနဲ႔ လိုက္ေလ်ာေပးမႈ မရွိဘူးဆိုရင္ ေက်ာင္းသားေတြရဲ႕ ေနာက္ထပ္ အစီအစဥ္ေတြက ပိုၾကမ္းလာလိ့မ္မယ္လို႔ ပညာေရး အသံုးစရိတ္ တိုးျမွင့္ေရးတိုက္ပြဲ ေကာ္မတီက ေကာ္မတီဝင္ ကိုရာဇာထြန္းက MCN သတင္းဌာနကို ေျပာၾကားခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကျောင်းသားတွေရဲ့ တောင်းဆိုချက်တွေ မလိုက်လျောရင် နောက်အစီအစဉ်တွေ ပိုကြမ်းမယ်လို့ ဆို

ကျောင်းသားတွေ ဂုဏ်သိက္ခာအရ ကျောင်းပြန်တက်ခွင့် ရဖို့နဲ့ ပညာရေးစရိတ် တိုးမြှင့်ပေးဖို့ တစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းသား သမဂ္ဂတွေ စုပေါင်း တောင်းဆိုသွားမှာ ဖြစ်ပါတယ်။

အဲ့ဒီလို တောင်းဆိုဖို့အတွက် ဖေဖော်ဝါရီလ ၇ ရက်နေ့ ပခုက္ကူ တက္ကသိုလ်မှာ မြန်မာနိုင်ငံတစ်ဝန်းက ကျောင်းသားသမဂ္ဂအဖွဲ့တွေ တွေ့ဆုံပြီး အစည်းအဝေး ပြုလုပ်မှာ ဖြစ်ပါတယ်။ အစည်းအဝေးမှာ ကျောင်းသားတွေ ဂုဏ်သိက္ခာအရ ကျောင်းပြန်တက်ခွင့်ရဖို့နဲ့ ပညာရေးစရိတ် တိုးမြှင့်ပေးဖို့ တောင်းဆို ချက် ၂ ချက်ကို လွှတ်တော်မှာ ခေါ်ယူပြီး စားပွဲဝိုင်း ဖြေရှင်းနည်းနဲ့ ဖြေရှင်းပေးဖို့ ဖြစ်ပါတယ်။

အစိုးရအနေနဲ့ လိုက်လျောပေးမှု မရှိဘူးဆိုရင် ကျောင်းသားတွေရဲ့ နောက်ထပ် အစီအစဉ်တွေက ပိုကြမ်းလာလိ့မ်မယ်လို့ ပညာရေး အသုံးစရိတ် တိုးမြှင့်ရေးတိုက်ပွဲ ကော်မတီက ကော်မတီဝင် ကိုရာဇာထွန်းက MCN သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)