ဘဂၤလားေဒ့ရွ္ ငါးဖမ္းသမား ၅ ဦးကို ျမန္မာနယ္ျခားေစာင့္တပ္ ဖမ္းဆီး

0
1780

ျမန္မာ-ဘဂၤလားေဒ့ရွ္ နယ္ျခားရွိ နတ္ျမစ္မွာ မေန႔က ေဖေဖာ္ဝါရီ ၄ ရက္ေန႔က ျမန္မာ့ေရပိုင္နက္ထဲ ငါးခိုးဖမ္းတဲ့ ဘဂၤလားေဒ့ရွ္ ငါးဖမ္းသမား ၅ ဦးကို ျမန္မာနယ္ျခားေစာင့္တပ္က ဖမ္းဆီးၿပီး ဘဂၤလားေဒ့ရွ္ အာဏာပိုင္ေတြကို လႊဲေျပာင္းေပးလိုက္ပါတယ္။

ေျခာက္ဦး ေျမာက္ ငါးဖမ္းသမားကေတာ့ ေျခေထာက္မွာ ေသနတ္ထိမွန္ေပမယ့္ လြတ္ေျမာက္သြားၿပီး ေကာက္ဘဇားရွိ ေဆး႐ံုမွာ ေဆးကုသမႈ ခံယူေနပါတယ္။ ျမန္မာနယ္ျခားေစာင့္တပ္က ငါးဖမ္းသမားေတြကို ၆ နာရီၾကာ ထိန္းသိမ္းထားၿပီး ဘဂၤလားေဒ့ရွ္ ဘက္ကို လႊဲေျပာင္းေပးခဲ့တာ ျဖစ္ပါတယ္။

တကၠနပ္ဖ္ အုပ္ခ်ဳပ္ေရး တရား႐ံုးက ျမန္မာ့ေရပိုင္နက္ထဲ ငါးခိုးဖမ္းတဲ့ ဘဂၤလားေဒ့ရွ္ ငါးဖမ္းသမားေတြကို ေထာင္ဒဏ္ ၃ လစီ ခ်မွတ္လိုက္ပါတယ္။ ဒဏ္ရာရထားၿပီး လြတ္ေျမာက္လာတဲ့ ငါးဖမ္းသမားက သူတို႔ မနက္ေစာေစာ ငါးဖမ္းေနစဥ္ ျမန္မာနယ္ျခားေစာင့္တပ္ ႐ုတ္တရက္ ေပၚလာၿပီး ဖမ္းဆီးေခၚေဆာင္သြားတာ ျဖစ္တယ္လို႔ ထြက္ဆိုပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၅ ဦးကို မြန်မာနယ်ခြားစောင့်တပ် ဖမ်းဆီး

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြားရှိ နတ်မြစ်မှာ မနေ့က ဖေဖော်ဝါရီ ၄ ရက်နေ့က မြန်မာ့ရေပိုင်နက်ထဲ ငါးခိုးဖမ်းတဲ့ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၅ ဦးကို မြန်မာနယ်ခြားစောင့်တပ်က ဖမ်းဆီးပြီး ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေကို လွှဲပြောင်းပေးလိုက်ပါတယ်။

ခြောက်ဦး မြောက် ငါးဖမ်းသမားကတော့ ခြေထောက်မှာ သေနတ်ထိမှန်ပေမယ့် လွတ်မြောက်သွားပြီး ကောက်ဘဇားရှိ ဆေးရုံမှာ ဆေးကုသမှု ခံယူနေပါတယ်။ မြန်မာနယ်ခြားစောင့်တပ်က ငါးဖမ်းသမားတွေကို ၆ နာရီကြာ ထိန်းသိမ်းထားပြီး ဘင်္ဂလားဒေ့ရှ် ဘက်ကို လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။

တက္ကနပ်ဖ် အုပ်ချုပ်ရေး တရားရုံးက မြန်မာ့ရေပိုင်နက်ထဲ ငါးခိုးဖမ်းတဲ့ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားတွေကို ထောင်ဒဏ် ၃ လစီ ချမှတ်လိုက်ပါတယ်။ ဒဏ်ရာရထားပြီး လွတ်မြောက်လာတဲ့ ငါးဖမ်းသမားက သူတို့ မနက်စောစော ငါးဖမ်းနေစဉ် မြန်မာနယ်ခြားစောင့်တပ် ရုတ်တရက် ပေါ်လာပြီး ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်တယ်လို့ ထွက်ဆိုပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)