
0
1752




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ချောက်မြို့မှာ ဓာတ်ဆီလောင်း မီးရှို့ပြီး အဆုံးစီရင်

မကွေးတိုင်း၊ ချောက်မြို့၊ (၇) ရပ်ကွက်မှာ ဖေဖော်ဝါရီလ ၃ ရက်နေ့က ကိုယ့်ကိုယ်ကို ဓာတ်ဆီလောင်း မီးရှို့ပြီး သတ်သေမှု ဖြစ်ပွားခဲ့ပါတယ်။

သမဝါယမ အသင်းပိုင်း ဆန်ဂိုထောင်ပျက် နှစ်လုံးကြားမှာ သက်နိုင်ဝင်း (ခ) ရွှေအ (၃၈ နှစ်) က ကိုယ့်ကိုယ်ကို ဓာတ်ဆီလောင်း မီးရှို့ပြီး သတ်သေခဲ့တာ ဖြစ်ပါတယ်။ သူ့အနီးမှာ ဓာတ်ဆီနံ့ရရေသန့်ဗူးခွံအပိုင်းအစနဲ့ ဂတ်စ်မီးခြစ်တစ်လုံးတို့ကို တွေ့ရှိခဲ့ပါတယ်။

သက်နိုင်ဝင်းဟာ အရက်ကြာရှည်စွာ သောက်စားမှုကြောင့် စိတ်လွတ်ပြီး ဧရာဝတီမြစ်ထဲ ခုန်ချတာ၊ အိမ်ပေါ်က ခုန်ချတာတွေလည်း လုပ်ခဲ့ဖူးပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)