ရခိုင္ျပည္နယ္ ေက်းရြာအုပ္စု ၃ ခုမွာ ညမထြက္ရ အမိန္႔ ၂ လ ထပ္တိုး

0
295

ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ရွိ ေက်းရြာအုပ္စု ၃ ခုမွာ ညမထြက္ရအမိန္႔ ရာဇဝတ္က်င့္ထံုး ဥပေဒပုဒ္မ ၁၄၄ ကို ေနာက္ထပ္ ၂ လ ထပ္တိုးလိုက္ပါတယ္။

ၾသဂုတ္လ ၂၅ ရက္ေန႔ အၾကမ္းဖက္မႈ ျဖစ္စဥ္နဲ႔ ျဖစ္ပြားၿပီးေနာက္ပိုင္း ဖက္လိပ္၊ သိန္ေတာင္နဲ႔ ခြ်တ္ျပင္ ေက်းရြာအုပ္စုေတြမွာ ဘဂၤါလီေတြက သူတို႔ေနအိမ္ေတြကို မီး႐ိႈ႕တာ၊ ေက်းရြာကို မီး႐ိႈ႕ထြက္ေျပးတာေတြ လုပ္ခဲ့တာေၾကာင့္ ညမထြက္ရ အမိန္႔ကို ထုတ္ထားခဲ့ပါတယ္။

အဲဒီေက်းရြာအုပ္စု ၃ ခုကို ၿမိဳ႕နယ္အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာနက ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလ ၃ ရက္ေန႔ကစၿပီး ညမထြက္ရအမိန္႔ ရာဇဝတ္က်င့္ထံုး ဥပေဒပုဒ္မ ၁၄၄ ကို ေနာက္ထပ္ ၂ လ ထပ္တိုးတာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရခိုင်ပြည်နယ် ကျေးရွာအုပ်စု ၃ ခုမှာ ညမထွက်ရ အမိန့် ၂ လ ထပ်တိုး

ရခိုင်ပြည်နယ်၊ ရသေ့တောင်ရှိ ကျေးရွာအုပ်စု ၃ ခုမှာ ညမထွက်ရအမိန့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ကို နောက်ထပ် ၂ လ ထပ်တိုးလိုက်ပါတယ်။

သြဂုတ်လ ၂၅ ရက်နေ့ အကြမ်းဖက်မှု ဖြစ်စဉ်နဲ့ ဖြစ်ပွားပြီးနောက်ပိုင်း ဖက်လိပ်၊ သိန်တောင်နဲ့ ချွတ်ပြင် ကျေးရွာအုပ်စုတွေမှာ ဘင်္ဂါလီတွေက သူတို့နေအိမ်တွေကို မီးရှို့တာ၊ ကျေးရွာကို မီးရှို့ထွက်ပြေးတာတွေ လုပ်ခဲ့တာကြောင့် ညမထွက်ရ အမိန့်ကို ထုတ်ထားခဲ့ပါတယ်။

အဲဒီကျေးရွာအုပ်စု ၃ ခုကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့ကစပြီး ညမထွက်ရအမိန့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ကို နောက်ထပ် ၂ လ ထပ်တိုးတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)