ဘင်္ဂလားဒေ့ရှ်ကို အခကြေးငွေယူပြီး ပို့ပေးနေသူနဲ့ သွားမယ့်လူငါးဦးကို မောင်တောမှာ ဖမ်းဆီးရမိ

0
257

မောင်တောဒေသကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို အခကြေးငွေယူပြီး တရားမဝင်ပို့ဆောင်နေသူတစ်ဦးနဲ့ ဘင်္ဂလားဒေ့ရှ်ကို သွားမယ့် လူ ငါးဦးတို့ကို ဇန်နဝါရီ ၄ ရက်နေ့က ဖမ်းမိခဲ့ပါတယ်။

tzmk1

မောင်တောမြို့နယ်၊ ကွမ်းသီးပင်(အလယ်)ရွာအနီးက ကွမ်းသီးပင်ချောင်းဝ ကင်းစခန်းက လုံခြုံရေးတပ်ဖွဲ့တွေ ကင်းလှည့်နေစဉ်မှာ လယ်ကွင်းထဲမှာ ပုန်းအောင်းနေတဲ့ တာဇော်မိုကုတ် ဆိုသူနဲ့ လူ ငါးယောက်ကို တွေ့ရှိခဲ့တာပါ။

tzmk2

အဲဒီနောက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက စစ်ဆေးမေးမြန်းစဉ်မှာ တာဇော်မိုကုတ်ဟာ အဲဒီလူငါးဦးကို ဘင်္ဂလာဒေ့ရှ်နိုင်ငံထဲ အခကြေးယူပြီး ပို့ဆောင်ပေးနေတာလို့ ထွက်ဆိုခဲ့ပါတယ်။ လက်ရှိမှာတော့ တာဇော်မိုကုတ်ဆိုသူကို တရားဥပဒေနဲ့အညီ အရေးယူဖို့ ဆောင်ရွက်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)