မြန်မာရေတပ်က ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားတွေကို ပစ်ခတ်ခဲ့တဲ့သတင်း မမှန်ဘူးလို့ ထုတ်ပြန်

0
344

မြန်မာရေတပ်က ပစ်ခတ်ခဲ့တာကြောင့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ The Daily State သတင်းဌာနရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြခဲ့တဲ့သတင်းဟာ မှန်ကန်မှုမရှိဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက ပြောကြားလိုက်ပါတယ်။

ban

ဒီသတင်းနဲ့ပတ်သက်ပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ)ကို ဆက်သွယ်စုံစမ်းပြီးနောက်မှာ သတင်းထုတ်ပြန်ရေးကော်မတီက ဇန်နဝါရီ ၅ ရက်နေ့မှာ ထုတ်ပြန်လိုက်တာပါ။

The Daily Star သတင်းဌာနဟာ ဘင်္ဂလားဒေ့ရှ်အခြေစိုက် သတင်းစာတစ်စောင်ဖြစ်ပြီး ဝက်ဘ်ဆိုက်ပေါ်မှာ ဒီဇင်ဘာ ၂၇ ရက်နေ့ ည ၁၀ နာရီဝန်းကျင်လောက်က 6 Bangladeshis shot in Myanmar firing at Bay ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းတစ်ပုဒ် ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

အဲဒီသတင်းမှာ မြန်မာရေတပ် သင်္ဘောတစ်စီးက ဘင်္ဂလားပင်လယ်အော်၊ စိန့်မာတင်ကျွန်းအနီးမှာ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းလှေတစ်စီးကို လိုက်ပစ်ခတ်ခဲ့တာကြောင့် ငါးဖမ်းသမားခြောက်ဦး ဒဏ်ရာရရှိဃဲ့တယ်လို့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)