ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပို့ဆောင်သူနဲ့ သွားမယ့်သူတွေကို ဖမ်းဆီးရမိ

0
337

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပို့ဆောင်ပေးနေသူ ၁ ဦးနဲ့ သွားရောက်မယ့်သူ ၅ ဦး ကို မောင်တောမြို့နယ်ကွမ်းသီးပင်(အလယ်)ရွာမှာ
ဖမ်းဆီးမိခဲ့ပါတယ်။

15879158_1047077512085929_1663155986_n-1

ဇန်န၀ါရီ ၄ ရက် နံနက် ၄ နာရီက မောင်တောမြို့နယ် ကွမ်းသီးပင် (အလယ်) ရွာအနီး ကွမ်းသီးပင်ချောင်းဝကင်းစခန်းမှ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ လှည့်ကင်းဆောင်ရွက်စဉ် လယ်ကွင်းကောက်ရိုးပုံနောက်မှာ ပုန်းအောင်းနေတဲ့ ကွမ်းသီးပင်(အလယ်) ရွာနေ တာဇော်မိုကုတ်နဲ့အတူ အောက်ပြူးမကျေးရွာနေ အဒူရှုက္ကူရ်ပါ ၅ ဦးကို မသင်္ကာ ဖွယ်တွေ့ရှိခဲ့ပြီ်း စစ်ဆေးမေးမြန်းဖမ်းဆီးခဲ့တာပါ။

15879158_1047077512085929_1663155986_n

ထွက်ဆိုချက်တွေ အရ တာဇော်မိုကုတ်ဟာ အဒူရှုက္ကူရ်ပါ ၅ ဦးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အခကြေးငွေယူပြီင်္း ပို့ဆောင်ပေးနေတာဖြစ်တဲ့ အတွက် တာဇော်မိုကုတ်ကို ဥပဒေနဲ့အညီ အရေးယူနိုင်ဖို့ ဆောင်ရွက်လိုက်တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)