အမြန်လမ်းမကြီးပေါ် တစ်ရက်တည်း ယာဉ်တိုက်မှု နှစ်ကြိမ်ဖြစ်ပွား

0
337

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ ဇန်နဝါရီလ ၃ ရက်နေ့ တစ်ရက်တည်း ယာဉ်တိုက်မှုနှစ်ကြိမ်ဖြစ်ပွားခဲ့တဲ့အတွက် လူနှစ်ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

car3
ဖြစ်စဉ်တွေဟာ ဇန်နဝါရီ ၃ ရက်နေ့ ညပိုင်းမှာဖြစ်ခဲ့တာပါ။

ည ၉ နာရီမှာ ယာဉ်မောင်း စောလယ်ထူး (၃၂ နှစ်) မောင်းလာတဲ့ TOYOTA HILUH ယာဉ်က မိုင်တိုင်အမှတ် ၃၂၃ မိုင် ၅ ဖာလုံ နဲ့ ၆ ဖာလုံကြားမှာ ဘယ်ဘက်ရှေ့ဘီးပေါက်ရာကနေ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကို ကာရန်ထားတဲ့ ဘာရီယာတုံးကို တိုက်မိပြီး ပက်လက်လန်တိမ်းမှောက်ခဲ့တာပါ။

car2

ဒါ့အပြင် ဒက္ခိဏသီရိမြို့နယ်၊ ပလွေးအမြန်လမ်းမကြီး ရဲစခန်းအပိုင်နယ်မြေဖြစ်တဲ့ မိုင်တိုင်အမှတ် ၁၉၃ မိုင် ၇ ဖာလုံနဲ့ ၁၉၄ မိုင်အနီးမှာ ရန်ကုန်ကနေ နေပြည်တော်ကို မောင်းလာတဲ့ ယာဉ်မောင်း ငြိမ်းချမ်း (၂၄ နှစ်)မောင်းနှင်လာတဲ့TOYOTA WISH ဟာ ယာဉ်မောင်းအိပ်ငိုက်မှုကြောင့် အရှိန်မထိန်းနိုင်ဘဲ လမ်းညာဘက်က အလူမီနီယံတန်းကို တိုက်မိပြီး တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး ယာဉ်မောင်း ငြိမ်းချမ်းကို ပလွေးအမြန်လမ်းရဲစခန်းက ယာဉ်(ပ) ၁/၂၀၁၇၊ ပြစ်မှု ပုဒ်မ ၂၇၉ နဲ့ အမှုဖွင့် အရေးယူထားပြီး ယာဉ်မောင်း စောလယ်ထူးကိုတော့ စကားအင်းအမြန်လမ်းမကြီးရဲစခန်းက ယာဉ်(ပ) ၁/၂၀၁၇၊ ပြစ်မှုပုဒ်မ ၃၇/၃၃၈ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)