ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီးကို လက်ခံတွေ့ဆုံ

0
371

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီး H.E.Mr. Andrew Patrick ကို နေပြည်တော်မှာ ဇန်နဝါရီလ ၅ ရက် ဒီကနေ့ နံနက်မှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။

15826668_1296271320447681_4445611919488984314_n

အဲဒီလိုတွေဆုံရာမှာ လွှတ်တော်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ချစ်ကြည်ရေးခရီးစဉ်ဆိုင်ရာ ကိစ္စရပ်တွေ၊ လွှတ်တော်ရဲ့ ဥပဒေပြုရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ တွေနဲ့ ပတ်သက်ပြီး ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတာပါ။

အဲဒီတွေ့ဆုံပွဲကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနဲ့အတူ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်နဲ့ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)