တာဝန်က အနားယူတော့မယ့် ဖိလစ်ပိုင်သံအမတ်ကြီးနဲ့ ချီလီသံအမတ်ကြီး သမ္မတ ဦးထင်ကျော်နဲ့ တွေ့ဆုံ

0
312

တာဝန်ပြီးဆုံးလို့ ထွက်ခွာတော့မယ့် ဖိလစ်ပိုင်နိုင်ငံ သံအမတ်နဲ့ ချီလီနိုင်ငံသံအမတ်ကြီးတို့ဟာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ကို ဒီကနေ့ နံနက်ပိုင်းမှာ လာရောက်တွေ့ဆုံခဲ့ကြပါတယ်။

president

နေပြည်တော်က သမ္မတအိမ်တော်မှာ မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင် သံအမတ်ကြီး အဲလက်စ်ဂျီချူအာက နံနက် ၉ နာရီမှာ လာရောက်တွေ့ဆုံပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ အခြေစိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ချီလီသံအမတ်ကြီး ဂျေဗီယာဘက်ကာက ၉ နာရီ မိနစ် ၄၀ မှာ လာရောက်တွေ့ဆုံခဲ့တာ။

president2

တွေ့ဆုံပွဲကို ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်၊ နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးကျော်တင်တို့လည်း တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)