ငြိမ်းချမ်းရေး ရယူလိုစိတ် အားနည်းနေတာကြောင့် တိုက်ပွဲတွေ ဖြစ်ပွားနေတာလို့ ကာချုပ် ပြော

0
331

အမြင်ကျဉ်းမြောင်းတဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းအချို့က ခေါင်းဆောင်တွေဟာ ငြိမ်းချမ်းရေးကို အမှန်တကယ် ရယူလို့စိတ် အားနည်းနေတာကြောင့် ဒီနေ့အချိန်အထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

15826130_1437619599605857_3752460838683351304_n

ဇန်န၀ါရီလ ၄ ရက် လွတ်လပ်ရေးနေ့က နေပြည်တော် ဇေယျာသီရိဗိမ္မာန်မှာ ပြုလုပ်တဲ့ တပ်မတော်စွမ်းရည် သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နဲ့ လက်မှတ်များ ချီးမြှင့်တဲ့ အခမ်းအနားမှာ အခုလို ပြောကြားခဲ့တာပါ။ ဒါ့အပြင် အစိုးရနဲ့တပ်မတော်က သဘောထားကြီးကြီးနဲ့ အကြိမ်ကြိမ် လိုက်လျောမှုတွေကို လျစ်လျူရှုပြီး လက်နက်ကိုင်အဖွဲ့အစည်း အချို့ဟာ ပဋိပက္ခတွေကို စတင်ဖန်တီးပြီး နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးစော်ကားနေကြောင်းနဲ့ အစွန်းရောက်နေသူတွေ ခေါင်းဆောင်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ မင်းမဲ့ စရိုက် ဆန်ဆန်လုပ်ရပ်တွေကို ဟန့်တားပြီး တပ်မတော်က တရားသောစစ် ဆင်နွှဲနေတာဖြစ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)