ရခိုင်ပြည်နယ်အတွက် အကူအညီတွေ သံတမန်လမ်းကြောင်းကတစ်ဆင့် ပေးပို့ဖို့ နိုင်ငံခြားရေးဝန်ကြီးဌာန တိုက်တွန်း

0
311

ရခိုင်ပြည်နယ်က ပြည်သူတွေအတွက် ထောက်ပံ့ကူညီမယ့် အကူအညီတွေကို သံတမန်ရေးရေးရာ လမ်းကြောင်းကတစ်ဆင့် အသိပေးပြီး ပေးအပ်တာမျိုးကို ကြိုဆိုတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက အာဆီယံနိုင်ငံတွေကို ပြောကြားလိုက်ပါတယ်။

rakhine

ဒီကနေ့ ဇန်နဝါရီ ၅ ရက်နေ့မှာ အာဆီယံနိုင်ငံတွေရဲ့ သံရုံးတွေကို နိုင်ငံခြားရေးဝန်ကြီးဌာနက ပေးပို့ အကြောင်းကြားခဲ့တာပါ။

သံတမန်လမ်းကြောင်းကတစ်ဆင့် ပေးပို့မယ့် အကူအညီတွေကို အစိုးရဘက်က ဆိပ်ကမ်းအကောက်အခွန် လျှော့ပေးတာမျိုး၊ လိုအပ်တဲ့ စာရွက်စာတမ်းကိစ္စတွေနဲ့ သက်ဆိုင်ရာ ဌာနတွေကို ပို့ဆောင်တဲ့ကိစ္စမျိုးတွေ ကူညီဆောင်ရွက်ပေးမယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

လက်ရှိမှာတော့ အင်ဒိုနီးရှားနိုင်ငံက ရခိုင်ပြည်နယ်အတွက် ပေးပို့မယ့် ကွန်တိန်နာ ၁၀ လုံးစာ အကူအညီတွေထဲက သင်္ဘောကွန်တိန်နာ လေးလုံးနဲ့ထည့်ထားတဲ့ အစားအသောက်တွေနဲ့ အဝတ်အထည်တွေ ရန်ကုန်ဆိပ်ကမ်းကို မကြာခင်မှာ ရောက်ဖို့ရှိနေတယ်လို့ ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာထဲမှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)