၆၉ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲကို သမ္မတ ဦးထင်ကျော်နဲ့ ဇနီး တက်ရောက်

0
266

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ ဇနီးဒေါ်စုစုလွင်တို့ဟာ ၂၀၁၇ ခုနှစ် (၆၉) ကြိမ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲနဲ့ ညစာစားပွဲအခမ်း အနားကို နိုင်ငံတော်သမ္မတ အိမ်တော်မှာ ဇန်န၀ါရီလ (၄)ရက်နေ့ မနေ့ညက ကျင်းပခဲ့ပါတယ်။

15894430_1194053153975752_8669429265218436571_n

အဲဒီအခမ်းအနားကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနဲ့ ဇနီး၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနဲ့ဇနီး၊ ပြည်သူ့လွှတော်ဥက္ကဋ္ဌ ဦးဝင်းမြင့်နဲ့ ဇနီး၊ အမျိုးသားလွှတ်တော်ဥက္ကဌ မန်းဝင်းခိုင်သန်းနဲ့ ဇနီး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဇနီး စတဲ့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်တွေက အရာရှိ၊ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

15822754_1194053433975724_82493960026161357_n

ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေ၊ ဌာနဆိုင်ရာအကြီးအကဲတွေ၊ သံအမတ်တွေ၊ ကုလသမဂ္ဂအဖွဲ့အစည်းတွေက ဌာနေကိုယ်စားလှယ်တွေနဲ့ ဖိတ်ကြားထားသူတွေ တက်ရောက်ခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)