အနည်းဆုံးလုပ်ခလစာ သတ်မှတ်ခြင်းကို နောက်မကျအောင်ဆောင်ရွက်မယ်

0
64

အနည်ဆုံးလုပ်ခလစာ သတ်မှတ်ပြဌာန်းခြင်းကို သတ်မှတ်ကာလအတိုင်းနောက်မကျအောင် ဆောင်ရွက် သွားမှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။ဒီသတင်းကို MCN သတင်းထောက် သန္တာမိုးက ပေးပို့ထားပါတယ်။

၂၀၁၅ ခုနှစ်သြဂုတ်လပိုင်းက အနည်းဆုံးအခကြေးငွေ ၃၆ဝဝကျပ်၊၂၀၁၈ခုနှစ်မေလပိုင်းက အနည်း ဆုံး အခကြေးငွေ ၄၈ဝဝကျပ်၊ကိုသတ်မှတ်ခဲ့ပြီး အနည်းဆုံးအခကြေးငွေ ပြင်ဆင်သတ်မှတ်နိုင်ဖို့ အစိုးရ၊ အလုပ်ရှင်၊အလုပ်သမားပါဝင်တဲ့ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီကို ဖွဲ့စည်းဆောင်ရွက်နေတာလည်းဖြစ်ပြီး ၂၀၁၃ခုနှစ် အနည်း ဆုံး အခကြေးငွေသတ်မှတ်ရေးဆိုင်ရာဥပဒေအရ နှစ်နှစ်တစ်ကြိမ်ပြောင်းလဲသတ််မှတ်ပေးရမှာလည်းဖြစ်ပါတယ်။

ဒါကြောင့် လာမယ့်၂၀၂ဝပြည့်နှစ် မေလအတွင်းပြင်ဆင်သတ်မှတ်မယ့် အနည်ဆုံးလုပ်ခလစာ သတ်မှတ် ပြဌာန်းရေးကို သတ်မှတ်ကာလ အတိုင်းနောက်မကျအောင် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ အလုပ်သမား၊ လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကပြောပါတယ်။

ဒီဇင်ဘာလ ၁ရက်နေ့က ရန်ကုန်မြို့နိုဗိုတယ်ဟိုတယ် မှာ အစိုးရ၊အလုပ်ရှင်၊အလုပ်သမားတို့က အနည်ဆုံး အခကြေးငွေပြန်လည် သုံးသပ်ခြင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲပြုလုပ်ခဲ့တာပါ။

Soundbite ဦးသိန်းဆွေ (ပြည်ထောင်စုဝန်ကြီး)
အလုပ်သမား၊ လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန

လာမယ့်၂၀၂ဝပြည့်နှစ် မေလအတွင်း အနည်းဆုံးအခကြေးငွေပြင်ဆင်သတ်မှတ် နိုင်ဖို့ ပြည်နယ်နဲ့တိုင်း အလိုက် အလုပ်သမားအဖွဲ့အစည်းတွေက စစ်တမ်းတွေကောက်ယူနေကြပြီး အလုပ်သမား မိသားစုဝင်တွေရဲ့ အခက်အခဲတွေကို တွေ့ရှိနေရတယ်လို့ အလုပ်သမားအဖွဲ့ အစည်းတွေ ကပြောပါတယ်။

ဒါကြောင့် အနည်းဆုံး အခကြေးငွေပြင်ဆင်သတ်မှတ်တဲ့နေရာမှာ အလုပ်ရှင်တွေရဲ့ အခက်အခဲတွေကို လည်းလေ့လာစမ်းစစ်ပြီး သတ်မှတ်သွားနိုင်မှ ပြီးပြည်စုံတဲ ့အနည်းဆုံး အခကြေး ငွေပြဌာန်း သတ်မှတ်နိုင်မှာ ဖြစ်လို့ အလုပ်ရှင် ကိုယ်စားလှယ်ဖြစ်သူ ဒေါ်ခိုင်ခိုင်နွယ်က ပြောပါတယ်။

Soundbite ဒေါ်ခိုင်ခိုင်နွယ် (အလုပ်ရှင်ကိုယ်စားလှယ်)
အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးအမျိုးသားအဆင့်ကော်မတီ

အနညြးဆုံးအခကှေးငှေ နှုနြးထား သတမြှတနြိုငဖြို့ အစိုြးရ၊ အလုပရြှငြ၊ အလုပသြမား ပါဝငတြဲ့ အနညြးဆုံးအခကှေးငှေ သတမြှတရြေးဆိုငရြာ အမွိုးသားအဆင့ကြောမြတီ အစညြးအဝေးတှကေို ဆကလြကလြုပဆြောငြ သှားမှာလညြးဖှဈပါတယရြှငြ။

အနညျးဆုံးလုပျခလစာ သတျမှတျခွငျးကို နောကျမကအြောငျဆောငျရှကျမယျ

အနည်ဆုံးလုပ်ခလစာ သတ်မှတ်ပြဌာန်းခြင်းကို သတ်မှတ်ကာလအတိုင်းနောက်မကျအောင် ဆောင်ရွက် သွားမှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။ဒီသတင်းကို MCN သတင်းထောက် သန္တာမိုးက ပေးပို့ထားပါတယ်။

၂၀၁၅ ခုနှစ်သြဂုတ်လပိုင်းက အနည်းဆုံးအခကြေးငွေ ၃၆၀၀ကျပ်၊၂၀၁၈ခုနှစ်မေလပိုင်းက အနည်း ဆုံး အခကြေးငွေ ၄၈၀၀ကျပ်၊ကိုသတ်မှတ်ခဲ့ပြီး အနည်းဆုံးအခကြေးငွေ ပြင်ဆင်သတ်မှတ်နိုင်ဖို့ အစိုးရ၊ အလုပ်ရှင်၊အလုပ်သမားပါဝင်တဲ့ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီကို ဖွဲ့စည်းဆောင်ရွက်နေတာလည်းဖြစ်ပြီး ၂၀၁၃ခုနှစ် အနည်း ဆုံး အခကြေးငွေသတ်မှတ်ရေးဆိုင်ရာဥပဒေအရ နှစ်နှစ်တစ်ကြိမ်ပြောင်းလဲသတ်မှတ်ပေးရမှာလည်းဖြစ်ပါတယ်။

ဒါကြောင့် လာမယ့်၂၀၂၀ပြည့်နှစ် မေလအတွင်းပြင်ဆင်သတ်မှတ်မယ့် အနည်ဆုံးလုပ်ခလစာ သတ်မှတ် ပြဌာန်းရေးကို သတ်မှတ်ကာလ အတိုင်းနောက်မကျအောင် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ အလုပ်သမား၊ လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကပြောပါတယ်။

ဒီဇင်ဘာလ ၁ရက်နေ့က ရန်ကုန်မြို့နိုဗိုတယ်ဟိုတယ် မှာ အစိုးရ၊အလုပ်ရှင်၊အလုပ်သမားတို့က အနည်ဆုံး အခကြေးငွေပြန်လည် သုံးသပ်ခြင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲပြုလုပ်ခဲ့တာပါ။

Soundbite ဦးသိန်းဆွေ (ပြည်ထောင်စုဝန်ကြီး)
အလုပ်သမား၊ လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန

လာမယ့်၂၀၂၀ပြည့်နှစ် မေလအတွင်း အနည်းဆုံးအခကြေးငွေပြင်ဆင်သတ်မှတ် နိုင်ဖို့ ပြည်နယ်နဲ့တိုင်း အလိုက် အလုပ်သမားအဖွဲ့အစည်းတွေက စစ်တမ်းတွေကောက်ယူနေကြပြီး အလုပ်သမား မိသားစုဝင်တွေရဲ့ အခက်အခဲတွေကို တွေ့ရှိနေရတယ်လို့ အလုပ်သမားအဖွဲ့ အစည်းတွေ ကပြောပါတယ်။

ဒါကြောင့် အနည်းဆုံး အခကြေးငွေပြင်ဆင်သတ်မှတ်တဲ့နေရာမှာ အလုပ်ရှင်တွေရဲ့ အခက်အခဲတွေကို လည်းလေ့လာစမ်းစစ်ပြီး သတ်မှတ်သွားနိုင်မှ ပြီးပြည်စုံတဲ့အနည်းဆုံး အခကြေး ငွေပြဌာန်း သတ်မှတ်နိုင်မှာ ဖြစ်လို့ အလုပ်ရှင် ကိုယ်စားလှယ်ဖြစ်သူ ဒေါ်ခိုင်ခိုင်နွယ်က ပြောပါတယ်။

Soundbite ဒေါ်ခိုင်ခိုင်နွယ် (အလုပ်ရှင်ကိုယ်စားလှယ်)
အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးအမျိုးသားအဆင့်ကော်မတီ

အနည်းဆုံးအခကြေးငွေ နှုန်းထား သတ်မှတ်နိုင်ဖို့ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ပါဝင်တဲ့ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ အစည်းအဝေးတွေကို ဆက်လက်လုပ်ဆောင် သွားမှာလည်းဖြစ်ပါတယ်ရှင်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)