အာရှဒေသ ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေး အစည်းအဝေးကို မြန်မာနိုင်ငံမှာ လက်ခံကျင်းပ

0
15

အာရှဒေသ ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေး မိတ်ဖက်အဖွဲ့ (Asian Preparedness Partnership- APP)ရဲ့ အာရှဒေသအတွင်း ရှေ့ပြေး စီမံကိန်း ရဲ့ အစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာ လက်ခံကျင်းပခဲ့ပါတယ်။

အာရှဒေသ ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေး မိတ်ဖက်အဖွဲ့ (Asian Preparedness Partnership- APP) အစည်းအဝေးကို အိမ်ရှင်မြန်မာအပါအဝင် ကမ္ဘောဒီးယား၊ နီပေါ၊ ဖိလစ်ပိုင်၊ ပါကစ္စတန်နဲ့ သီရိလင်္ကာနိုင်ငံတို့မှ အစိုး ရဌာနဆိုင်ရာတွေ ပုဂ္ဂလိက လုပ်ငန်းရှင်တွေနဲ့ ရပ်ဘက် လူမှုရေးအဖွဲ့အစည်းတွေ တက် ရောက်ခဲ့ကြ ပါတယ် ။


မြန်မာနိုင်ရဲ့ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဆိုင်ရာ မူဝါဒသည် ပုဂ္ဂလိက ကဏ္ဍ၊ အရပ်ဖက်လူမှုရေး အဖွဲ့အစည်း အပါအဝင် ပြည်တွင်းနဲ့ နိုင်ငံတကာအဖွဲ့အစည်း ပူးပေါင်းမှုနဲ့ ဘေးသင့်ပြည်သူတွေကို ပိုမိုကောင်းမွန်တဲ့ လူနေမှု ဘဝ များရှိစေဖို့နဲ့ ဘေးဒဏ်ကြံ့ကြံ့ခံနိုင်တဲ့ လူမှုအသိုက်အဝန်း တည်ဆောက်ဖို့နဲ့ ခုလိုမိတ်ဖက် ပူးပေါင်း ဆောင်ရွက်မှုကို တိုးမြှင့်ခြင်း ဟာ ကမ္ဘာလုံးဆိုင်ရာ မူဘောင်ဖြစ်တဲ့ ဘေးအန္တရာယ် ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေး ဆန်ဒိုင်းမူဘောင်ရဲ့ ပန်းတိုင် တစ်ခုလည်းဖြစ်တယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထား ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ် ။




အာရှဒေသ ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေး မိတ်ဖက်အဖွဲ့ (Asian Preparedness Partnership- APP)ရဲ့ အာရှဒေသအတွင်း ရှေ့ပြေး စီမံကိန်း ရဲ့ အစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာ လက်ခံကျင်းပခဲ့ပါတယ်။

အာရှဒေသ ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေး မိတ်ဖက်အဖွဲ့ (Asian Preparedness Partnership- APP) အစည်းအဝေးကို အိမ်ရှင်မြန်မာအပါအဝင် ကမ္ဘောဒီးယား၊ နီပေါ၊ ဖိလစ်ပိုင်၊ ပါကစ္စတန်နဲ့ သီရိလင်္ကာနိုင်ငံတို့မှ အစိုး ရဌာနဆိုင်ရာတွေ ပုဂ္ဂလိက လုပ်ငန်းရှင်တွေနဲ့ ရပ်ဘက် လူမှုရေးအဖွဲ့အစည်းတွေ တက် ရောက်ခဲ့ကြ ပါတယ် ။


မြန်မာနိုင်ရဲ့ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဆိုင်ရာ မူဝါဒသည် ပုဂ္ဂလိက ကဏ္ဍ၊ အရပ်ဖက်လူမှုရေး အဖွဲ့အစည်း အပါအဝင် ပြည်တွင်းနဲ့ နိုင်ငံတကာအဖွဲ့အစည်း ပူးပေါင်းမှုနဲ့ ဘေးသင့်ပြည်သူတွေကို ပိုမိုကောင်းမွန်တဲ့ လူနေမှု ဘဝ များရှိစေဖို့နဲ့ ဘေးဒဏ်ကြံ့ကြံ့ခံနိုင်တဲ့ လူမှုအသိုက်အဝန်း တည်ဆောက်ဖို့နဲ့ ခုလိုမိတ်ဖက် ပူးပေါင်း ဆောင်ရွက်မှုကို တိုးမြှင့်ခြင်း ဟာ ကမ္ဘာလုံးဆိုင်ရာ မူဘောင်ဖြစ်တဲ့ ဘေးအန္တရာယ် ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေး ဆန်ဒိုင်းမူဘောင်ရဲ့ ပန်းတိုင် တစ်ခုလည်းဖြစ်တယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထား ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ် ။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ (၅)ကြိမ်မြောက် ဒေသတွင်း အစည်းအဝေးကိုလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည် နေရာချထားရေးဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အပါအဝင် တာဝန်ရှိသူများ၊ ကမ္ဘောဒီးယားနိုင်ငံ၊ နီပေါနိုင်ငံ၊ ဖိလစ်ပိုင် နိုင်ငံ၊ သီရိလင်္ကာနိုင်ငံတို့က APP အဖွဲ့ဝင်တွေ Bill and Melinda Gates Foundation (BMGF), ADPC တို့ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။