မသန္စြမ္းမႈဆိုင္ရာ ေဝါဟာရ အသုံးအႏႈန္းမ်ား လက္စြဲလမ္းၫႊန္စာအုပ္ ထုတ္ေဝမယ္

0
1378

မသန္စြမ္းမႈဆိုင္ရာ ေဝါဟာရအသုံးအႏႈန္းမ်ား လက္စြဲလမ္းၫႊန္စာအုပ္ ျပဳစုထုတ္ေဝဖို႔ လုပ္ေဆာင္ေနတယ္လို႔ ဒုတိယ သမၼတ ဦးဟင္နရီဗန္ထီးယူက ေျပာပါတယ္။

မေန႔က ဒီဇင္ဘာလ ၃ ရက္၊ ေနျပည္ေတာ္ရိွ ျမန္မာအျပည္ျပည္္ဆိုင္ရာ ကြန္ဗင္းရွင္း ဗဟုိဌာန – ၂ မွာ က်င္းပတဲ့ ၂၀၁၈ ခုႏွစ္ အျပည္ျပည္ဆိုင္ရာ မသန္စြမ္းသူမ်ားေန႔ အထိမ္းအမွတ္ အခမ္းအနား ဒုသမၼတ ဦးဟင္နရီဗန္ထီးယူက ေျပာသြားတာ ျဖစ္ပါတယ္။

ဒါ့အျပင္ အၾကားအာ႐ုံ ခ်ိဳ႕ယြင္းသူေတြအတြက္ မသန္စြမ္းသူေတြရဲ႕ အခြင့္အေရး နည္းဥပေဒေတြကို လက္သေကၤတျပ ဘာသာစကားနဲ႔ ထုတ္ေဝဖို႔လည္း ေဆာင္ရြက္ေနေၾကာင္း၊ မသန္စြမ္းသူေတြအတြက္ အလုပ္အကိုင္ အခြင့္အလမ္း ရရွိႏိုင္ေရး ပိုမိုျမႇင့္တင္ေဆာင္႐ြက္ဖို႔ မသန္စြမ္းသူမ်ားအား အလုပ္ခန္႔ ထားျခင္းဆိုင္ရာ လက္စြဲစာအုပ္ကိုလည္း ျမန္မာႏိုင္ငံရွိ အလုပ္ရွင္ေတြအတြက္ ျပဳစုထုတ္ေဝၿပီး ျဖစ္တယ္လို႔ ဒုသမၼတက ေျပာသြားပါတယ္။

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>

 

မသန်စွမ်းမှုဆိုင်ရာ ဝေါဟာရ အသုံးအနှုန်းများ လက်စွဲလမ်းညွှန်စာအုပ် ထုတ်ဝေမယ်
မသန်စွမ်းမှုဆိုင်ရာ ဝေါဟာရအသုံးအနှုန်းများ လက်စွဲလမ်းညွှန်စာအုပ် ပြုစုထုတ်ဝေဖို့ လုပ်ဆောင်နေတယ်လို့ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောပါတယ်။
မနေ့က ဒီဇင်ဘာလ ၃ ရက်၊ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန – ၂ မှာ ကျင်းပတဲ့ ၂၀၁၈ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနား ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောသွားတာ ဖြစ်ပါတယ်။
ဒါ့အပြင် အကြားအာရုံ ချို့ယွင်းသူတွေအတွက် မသန်စွမ်းသူတွေရဲ့ အခွင့်အရေး နည်းဥပဒေတွေကို လက်သင်္ကေတပြ ဘာသာစကားနဲ့ ထုတ်ဝေဖို့လည်း ဆောင်ရွက်နေကြောင်း၊ မသန်စွမ်းသူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်း ရရှိနိုင်ရေး ပိုမိုမြှင့်တင်ဆောင်ရွက်ဖို့ မသန်စွမ်းသူများအား အလုပ်ခန့် ထားခြင်းဆိုင်ရာ လက်စွဲစာအုပ်ကိုလည်း မြန်မာနိုင်ငံရှိ အလုပ်ရှင်တွေအတွက် ပြုစုထုတ်ဝေပြီး ဖြစ်တယ်လို့ ဒုသမ္မတက ပြောသွားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)