ဘိလပ္ေျမ စက္ရုံတည္ေဆာက္မႈ ကန္႔ကြက္ေနတဲ့ ေအာင္သေျပေဒသခံေတြ ဖမ္းဆီးခံေနရ

0
986

ဘိလပ္ေျမ စက္ရံုတည္ေဆာက္ေနမႈကို ကန္႔ကြက္ေနတဲ႔ ေအာင္သေျပ ေက်းရြာေဒသခံေတြ ဖမ္းဆီး ေထာင္ခ်ခံေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ဒီသတင္းကို MCN မႏၱေလးသတင္းေထာက္ ညဏ္လင္းထူးကေပးပို႔ထားပါတယ္။

ေအာင္သေျပ ေက်းရြာအနီးမွာ ဘိလပ္ေျမ စက္ရံု တည္ေဆာက္ေနတဲ႔အေပၚ ကန္႔ကြက္ေနတဲ႔ ေဒသခံေတြအေနနဲ႔ ဖမ္းဆီးအေရးယူခံေနရတယ္လို႔ ေဒသခံေတြက သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ခဲ႔ပါတယ္။ အဲ႔ဒီဘိလပ္ေျမ စက္ရံုတည္ေဆာက္ေနတဲ႔အတြက္ ေဒသခံေတြအေနနဲ႔ ဆိုးက်ဳိးေတြ ခံစားေနရတယ္လုိ႔ ေဒသခံေတြက ေျပာပါတယ္။

အင္တာဗ်ဴး ဦးေက်ာ္ေဇယ် ေဒသခံ
ေအာင္သေျပေက်းရြာ

ကန္႔ကြက္တဲ႔သူေတြကို ဖမ္းဆီးအေရးယူေနတဲ႔အတြက္ သူတို႔ရဲ႕ မိသားစုဝင္ေတြမွာလည္း စားဝတ္ေနေရး အခက္အခဲေတြရွိေနတာျဖစ္ပါတယ္။လက္ရွိအခ်ိန္မွာ အျပစ္ဒဏ္ ခ်ခံေနရသူ ငါးဦးအထိ ရွိေနသလို တျခားဦးေဆာင္ ကန္႔ကြက္သူေတြမွာလည္း ပုဒ္မ အသီးသီးနဲ႔ တရားရင္ဆိုင္ေနရတာ ျဖစ္ပါတယ္။
အင္တာဗ်ဴး ဦးေက်ာ္ေဇယ် ေဒသခံ
ေအာင္သေျပေက်းရြာ
မႏၲေလးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ အေနနဲ႔ ေအာင္သေျပက ဘိလပ္ေျမစက္ရံုတည္ေဆာက္မႈကို ကန္႔ကြက္ေနသူေတြက လူနည္းစုသာျဖစ္တယ္လို႔ ေျပာၾကားခဲ႔ဖူးတာလည္း ျဖစ္ပါတယ္ခင္ဗ်ာ။

ဘိလပ်မြေ စက်ရုံတည်ဆောက်နေမှုကို ကန့်ကွက်နေတဲ့ အောင်သပြေ ကျေးရွာဒေသခံတွေ ဖမ်းဆီး ထောင်ချခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီသတင်းကို MCN မန္တလေးသတင်းထောက် ညဏ်လင်းထူးကပေးပို့ထားပါတယ်။
အောင်သပြေ ကျေးရွာအနီးမှာ ဘိလပ်မြေ စက်ရုံ တည်ဆောက်နေတဲ့အပေါ် ကန့်ကွက်နေတဲ့ ဒေသခံတွေအနေနဲ့ ဖမ်းဆီးအရေးယူခံနေရတယ်လို့ ဒေသခံတွေက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီဘိလပ်မြေ စက်ရုံတည်ဆောက်နေတဲ့အတွက် ဒေသခံတွေအနေနဲ့ ဆိုးကျိုးတွေ ခံစားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်တာဗျူး ဦးကျော်ဇေယျ ဒေသခံ
အောင်သပြေကျေးရွာ

ကန့်ကွက်တဲ့သူတွေကို ဖမ်းဆီးအရေးယူနေတဲ့အတွက် သူတို့ရဲ့ မိသားစုဝင်တွေမှာလည်း စားဝတ်နေရေး အခက်အခဲတွေရှိနေတာဖြစ်ပါတယ်။လက်ရှိအချိန်မှာ အပြစ်ဒဏ် ချခံနေရသူ ငါးဦးအထိ ရှိနေသလို တခြားဦးဆောင် ကန့်ကွက်သူတွေမှာလည်း ပုဒ်မ အသီးသီးနဲ့ တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
အင်တာဗျူး ဦးကျော်ဇေယျ ဒေသခံ
အောင်သပြေကျေးရွာ
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် အနေနဲ့ အောင်သပြေက ဘိလပ်မြေစက်ရုံတည်ဆောက်မှုကို ကန့်ကွက်နေသူတွေက လူနည်းစုသာဖြစ်တယ်လို့ ပြောကြားခဲ့ဖူးတာလည်း ဖြစ်ပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)