ပညာရေးကောလိပ်ဝင်ခွင့်ရွေးချယ်မှု တရားမျှတမှုမရှိဟု သတင်းစာရှင်း

0
1109

ပညာရေးကောလိပ်ဝင်ခွင့်ရွေးချယ်မှု တရားမျှတမှုမရှိဟု သတင်းစာရှင်း

ပညာရေးကောလိပ်ဝင်ခွင့်ရွေးချယ်ရာမှာ တရားမျှတမှုမရှိဟုဆိုကာ ဒေသခံမိဘတွေကန့်ကွက် တိုင်းအစိုးရရဲ့ ထောက်ခံချက်နဲ့ ဆရာအတတ်သင်ဒီပလိုမာ တက်ရောက်ခွင့်ရရှိခဲ့တဲ့အပေါ် တရားမျှတမှုမရှိဘူးဆိုပြီး ဒေသခံမိဘတွေက ကန့်ကွက်ခဲ့ကြပါတယ် ။ဒီသတင်းကို MCN ပုသိမ် သတင်းထောက် ရဲသွေးနီ ကပေးပို့ထားပါတယ်။

ဧရာဝတီတိုင်းဒေသကြီးရဲ့ ၂၀၁၈/၁၉ပညာသင်နှစ်မှာလုပ်ငန်းခွင်အကြိုဆရာအတတ်သင်ပညာဒီပလိုမာ ၂နှစ်သင်တန်းတက်ရောက်နိုင်ဖို့ ပထမနှစ်သင်တန်း ကို ပုသိမ်ပညာရေး ကောလိပ် မြောင်းမြပညာရေး ကောလိပ်နဲ့ဘိုကလေးပညာရေးကောလိပ်အသီးသီးမှာ တက်ရောက်ခွင့်ရဖို့ အတွက် နိုဝင်ဘာလ၁၆ ရက်နေ့မှာ ပထမအသုတ်အနေနဲ့ထုတ်ပြန်ကြေငြာခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် နိုဝင်ဘာလ၂၆ ရက်နေ့မှာတိုင်းအစိုးရထောက်ခံချက်နဲ့တက်ရောင်ခွင့်ရသူ စာရင်းကို ထပ်မံထုတ်ပြန်ခဲ့ရာ သာပေါင်းမြို့နယ်အတွင်းကျေးရွာအုပ်စု ၇၆ အုပ်စုကလျှောက်ထားသူတွေအနက် လျှောက်ထားသူ ၈ဦးကိုသာတိုင်းအစိုးရကထောက်ခံပေးခဲ့တာဖြစ်ပါတယ်။

အခုလို အစိုးရ အဖွဲ့ရဲ့ထောက်ခံချက်နဲ့ခွင့်ပြုလိုက်တာနဲ့ပက်သက်ပြီးဒေသခံ တွေအနေနဲ့ မိမိတို့ရွာက သတင်းစာနဲ့ အလှမ်းဝေးတဲ့ အတွက် ကြေငြာချက်တွေအပေါ်တစ်စုံတစ်ရာသိရှိခဲ့ခြင်းမရှိတာကြောင့် ရွေးချယ်မှုဟာ တရားမျှတမှုမရှိဘူးတဲ့အတွက်ပြန်လည်ရွေးချယ်ပေးဖို့မိဘတွေက တောင်းဆိုနေကြပါတယ်။

အင်တာဗျူး ၁ ကိုမြင့်ဇော် ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ ထန်းကြိုကုန်းကျေးရွာ
လက်ရှိမှာရွေးချယ်ခံရသူတွေဟာ ရမှတ် ၂၀၀ကျော်သာရှိပြီး ရမှတ် ၄၀၀ နီးပါးရရှိတဲ့သူတွေ ကျန်ရစ်ခဲ့တာဖြစ်ပါတယ်။အခုလို ရွေးချယ်ခံရသူတွေဟာ လူမှုရေးဝန်ကြီးရဲ့ကိုယ်ရေးအရာရှိနေထိုင်တဲ့ ကျေးရွာတစ်ရွာတည်းက သူတွေဖြစ်တာကြောင့် တရားမျှတစွာနဲ့ပြန်လည်ရွေးချယ်ပေးစေလိုကြောင်း ပညာရေး ကောလိပ်ဝင်ခွင့် လျှောက်ထားခဲ့သူကပြောပါတယ်။

အင်တာဗျူး၂ မခင်ဖူးငုံဇော် (ပညာရေးကောလိပ်လျှောက်ထားသူ)
ခုလိုဖြစ်စဉ်နဲ့ပက်သက်ပြီး ပြည်ထောင်စုအဆင့်ကထုတ်ပြန်ကြေငြာတဲ့ မူဝါဒလမ်းစဉ်နဲ့အညီ တိုင်းဒေသကြီး အစိုးရအဖွဲ့ထံတင်ပြလျှောက်ထားသူ ၄၄ဦးကို ၂၀၁၈/၂၀၁၉ ခုနှစ်ဒီပလိုမာ သင်တန်း တက်ရောက်ခွင့် ထောက်ခံပေးလိုက်တာဖြစ်ကြောင်းတိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးဝန်ကြီးကပြောပါတယ် ။
အင်တာဗျူး ၃ ဒေါက်တာလှမြတ်သွေး (လူမှုရေးဝန်ကြီး)
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့
လက်ရှိမှာ၂၀၁၈/၂၀၁၉ခုနှစ်ပညာသင်နှစ်အတွက်ဒီပလိုမာသင်တန်းတက်ရောက်ခွင်လျေှ့ာက်ထားသူ ဦးရေ ၅၀၀ ခန့်က ပညာရေးကောလိပ်ကနေ ဝင်ခွင့်ရွေးချယ်ခံရသူ ၂၃ဦးရှိပြီး အစိုးရ အဖွဲ့ထောက်ခံချက်နဲ့ သာပေါင်းမြို့ နယ်အတွင်းရှိကျေးရွာအုပ်စု ၇၀ကျော်ထဲကမှ ကျေးရွာတစ်ရွာထဲက၈ဦးကို သင်တန်း တက်ရောက်ခွင့် ရွေးချယ်ခဲ့တာဖြစ်ပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)