အဂတိလိုက္စားမႈ တားဆီးကာကြယ္ေရး ဖိုရမ္ က်င္းပမယ္

0
798

”အဂတိလိုက္စားမႈ တားဆီးကာကြယ္ဖို႔ တာဝန္ ယူမႈျမႇင့္ တင္ၾကပါစို႔” ေခါင္းစဥ္နဲ႔ ဖိုရမ္ကို ဒီဇင္ဘာလ ၆ ရက္ေန႔ ရန္ကုန္ၿမိဳ႕၊ Rose Garden Hotel မွာ က်င္းပမွာ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္က ကုလသမဂၢဖြံ႕ၿဖိဳးမႈ အစီအစဥ္ (UNDP)၊ ကုလသမဂၢ မူးယစ္ေဆးဝါးႏွင့္ ျပစ္မႈဆိုင္ရာ႐ုံး (UNODC) တို႔နဲ႔ ပူးေပါင္းၿပီး ဒီဖိုရမ္ကို က်င္းပဖို႔ စီစဥ္တာ ျဖစ္ပါတယ္။

ဖိုရမ္ မနက္ပိုင္းမွာ စီးပြားေရးပညာရွင္ ေဒါက္တာ ဦးျမင့္၊ ပါေမာကၡ ေဒါက္တာ ေအာင္ထြန္းသက္၊ ဦးခင္ေမာင္ညိဳ (ေဘာဂေဗဒ)၊ ေဒါက္တာ တင္ေမာင္သန္း (သင့္ဘဝ) တို႔က ေဟာေျပာ ေဆြးေႏြးမွာ ျဖစ္ပါတယ္။ မြန္းလြဲပိုင္းမွာ ပါေမာကၡ ေဒါက္တာ ေအာင္ထြန္းသက္က သဘာပတိအျဖစ္ ေဆာင္ရြက္ၿပီး အစိုးရအဖြဲ႔အစည္း၊ စီးပြားေရး အဖြဲ႔အစည္း၊ မီဒီယာ အဖြဲ႔အစည္း၊ လူမႈအဖြဲ႔အစည္းေတြက ကိုယ္စားလွယ္ေတြ ပါဝင္တဲ့ စကားဝိုင္းေဆြးေႏြးပြဲ က်င္းပမွာ ျဖစ္ပါတယ္။

<>>>>>>>>>>>>>>>>>>>>>>>>>

အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး ဖိုရမ် ကျင်းပမယ်
”အဂတိလိုက်စားမှု တားဆီးကာကွယ်ဖို့ တာဝန် ယူမှုမြှင့် တင်ကြပါစို့” ခေါင်းစဉ်နဲ့ ဖိုရမ်ကို ဒီဇင်ဘာလ ၆ ရက်နေ့ ရန်ကုန်မြို့၊ Rose Garden Hotel မှာ ကျင်းပမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP)၊ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) တို့နဲ့ ပူးပေါင်းပြီး ဒီဖိုရမ်ကို ကျင်းပဖို့ စီစဉ်တာ ဖြစ်ပါတယ်။
ဖိုရမ် မနက်ပိုင်းမှာ စီးပွားရေးပညာရှင် ဒေါက်တာ ဦးမြင့်၊ ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်၊ ဦးခင်မောင်ညို (ဘောဂဗေဒ)၊ ဒေါက်တာ တင်မောင်သန်း (သင့်ဘဝ) တို့က ဟောပြော ဆွေးနွေးမှာ ဖြစ်ပါတယ်။ မွန်းလွဲပိုင်းမှာ ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်က သဘာပတိအဖြစ် ဆောင်ရွက်ပြီး အစိုးရအဖွဲ့အစည်း၊ စီးပွားရေး အဖွဲ့အစည်း၊ မီဒီယာ အဖွဲ့အစည်း၊ လူမှုအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ ပါဝင်တဲ့ စကားဝိုင်းဆွေးနွေးပွဲ ကျင်းပမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)