အလုပ္သမားအေရး လႈပ္ရွားသူ ကိုရဲမင္းကို စမြန္ ပရာကန္ ေထာင္သို႔ ေရႊ႕ေျပာင္း

0
260

ထိုင္း လဝက IDC ထိန္းသိမ္းေရးစခန္းမွာ ၄၁ ရက္ၾကာ ဖမ္းဆီးခံထားရတဲ့ ထိုင္းေရာက္ ျမန္မာအလုပ္သမားအေရး ေဆာင္ရြက္သူ AAC အဖြဲ႔က ကိုရဲမင္းကို စမြန္ ပရာကန္ ေထာင္ဆီ ေရႊ႕ေျပာင္းလိုက္ပါတယ္။

ထိုင္းႏိုင္ငံဆိုင္ရာ ျမန္မာသံ႐ံုးက အလုပ္သမားသံအရာရွိ လက္မွတ္ထိုးထားတဲ့ ဖမ္းဝရမ္းနဲ႔ မဟာခ်ိဳင္ လဝက႐ံုးမွာ သက္တမ္းတိုးေနစဥ္ ကိုရဲမင္းကို ေအာက္တိုဘာလ ၁၉ ရက္ေန႔က ဖမ္းဆီးခဲ့တာ ျဖစ္ပါတယ္။ ကိုရဲမင္းကို ထိုင္းလဝက က အေၾကာင္းမဲ့ ဖမ္းဆီးတဲ့အေပၚ ျမန္အစိုးရကို တရားဝင္စာပို႔ အကူအညီေတာင္းခဲ့ေပမယ့္ ဘာမွ တံု႔ျပန္မႈ မရွိဘဲ ကိုရဲမင္း ေထာင္ထဲ အပို႔ရတာ ျဖစ္တယ္လို႔ AAC ရဲ႕ Facebook စာမ်က္ႏွာမွာ ေဖာ္ျပထားပါတယ္။  

AAC မဟာမိတ္အဖြဲ႕ သတင္းႏွင့္ ျပန္ၾကားေရး တာဝန္ခံ ကိုရဲမင္းကို အလုပ္သမားသံအရာရွိ ဦးစန္းေမာင္ဦး ေပးပို႔တဲ့ တရားဝင္စာေၾကာင့္ ဖမ္းဆီးတာလို႔ ထိုင္းရဲက ေျပာေပမယ့္ သံအရာရွိဘက္က ျငင္းဆိုထားပါတယ္။ ျမန္မာ အလုပ္သမား သံအရာရိွအေနနဲ႔ မီဒီယာေတြကို ဖိတ္ၾကားေခၚယူၿပီး သတင္းစာ ရွင္းလင္းပြဲ ျပဳလုပ္ေပးဖို႔ AAC မဟာမိတ္အဖြဲ႔ရဲ႕ ဒါ႐ိုက္တာ ဦးခိုင္ႀကီးက ေတာင္းဆိုထားပါတယ္။

<>>>>>>>>>>>>>>>>>>>>>>>>>>>>

အလုပ်သမားအရေး လှုပ်ရှားသူ ကိုရဲမင်းကို စမွန် ပရာကန် ထောင်သို့ ရွှေ့ပြောင်း

ထိုင်း လဝက IDC ထိန်းသိမ်းရေးစခန်းမှာ ၄၁ ရက်ကြာ ဖမ်းဆီးခံထားရတဲ့ ထိုင်းရောက် မြန်မာအလုပ်သမားအရေး ဆောင်ရွက်သူ AAC အဖွဲ့က ကိုရဲမင်းကို စမွန် ပရာကန် ထောင်ဆီ ရွှေ့ပြောင်းလိုက်ပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အလုပ်သမားသံအရာရှိ လက်မှတ်ထိုးထားတဲ့ ဖမ်းဝရမ်းနဲ့ မဟာချိုင် လဝကရုံးမှာ သက်တမ်းတိုးနေစဉ် ကိုရဲမင်းကို အောက်တိုဘာလ ၁၉ ရက်နေ့က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ကိုရဲမင်းကို ထိုင်းလဝက က အကြောင်းမဲ့ ဖမ်းဆီးတဲ့အပေါ် မြန်အစိုးရကို တရားဝင်စာပို့ အကူအညီတောင်းခဲ့ပေမယ့် ဘာမှ တုံ့ပြန်မှု မရှိဘဲ ကိုရဲမင်း ထောင်ထဲ အပို့ရတာ ဖြစ်တယ်လို့ AAC ရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။

AAC မဟာမိတ်အဖွဲ့ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ကိုရဲမင်းကို အလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦး ပေးပို့တဲ့ တရားဝင်စာကြောင့် ဖမ်းဆီးတာလို့ ထိုင်းရဲက ပြောပေမယ့် သံအရာရှိဘက်က ငြင်းဆိုထားပါတယ်။ မြန်မာ အလုပ်သမား သံအရာရှိအနေနဲ့ မီဒီယာတွေကို ဖိတ်ကြားခေါ်ယူပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပေးဖို့ AAC မဟာမိတ်အဖွဲ့ရဲ့ ဒါရိုက်တာ ဦးခိုင်ကြီးက တောင်းဆိုထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)