
0
502


 



<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရုပ်ရှင်ဒါရိုက်တာ ဦးခင်ဇော် (ကေသီပန်) ကွယ်လွန်

ရုပ်ရှင် ဒါရိုက်တာ ဦးခင်ဇော် (ကေသီပန်ရုပ်ရှင်) (၉၁ နှစ်) ဟာ မနေ့က ဒီဇင်ဘာလ ၃ ရက်နေ့ည ၁၁ နာရီ ၅၅ မိနစ်က ရန်ကုန်မြိုရှိ နေအိမ်မှာ ကွယ်လွန်သွားပါတယ်။

ထင်ရှားကျော်ကြားခဲ့တဲ့ ရုပ်ရှင် ဒါရိုက်တာ ဦးခင်ဇော်ဟာ ဖျာပုံဇာတိဖြစ်ပြီး ရုပ်ရှင် ဒါရိုက်တာ မိုက်တီး၊ သရုပ်ဆောင် ချစ်ချစ်ဇော်၊ သရုပ်ဆောင် လင်းဇာနည်ဇော်တို့ရဲ့ ဖခင်ဖြစ်ပါတယ်။

ရုပ်ရှင် ဒါရိုက်တာ ဦးခင်ဇော်ရဲ့ ရုပ်အလောင်းကို နာရေးကူညီမှုအသင်း (ရန်ကုန်) က နေအိမ်ကနေ ရေဝေးသုဿန် အအေးခန်းကို ပို့ဆောင်ပေးခဲ့ပါတယ်။ ဈာပန အခမ်းအနားကို ဒီဇင်ဘာလ ၇ ရက်နေ့ မွန်းလွဲ ၂ နာရီမှာ ကျင်းပမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)