မသန္စြမ္းသူေတြကို အမ်ိဳးအစားအလိုက္ ေငြေၾကးေထာက္ပံ့မႈေတြ ျပဳလုပ္ဖုိ႔ရွိေန

0
205

မသန္စြမ္းသူေတြကို အမ်ိဳးအစားအလိုက္ ေငြေၾကးေထာက္ပံ့မႈေတြ ျပဳလုပ္သြားဖုိ႔ရွိေနပါတယ္။ ဒီသတင္းကို MCN ရခုိင္ျပည္နယ္ သတင္းေထာက္ မင္းမ်ိဳးႏြယ္က ေပးပို႔ထားပါတယ္။

ျမန္မာႏုိင္ငံရဲ႕ ၂၀၁၄ ခုႏွစ္ လူမႈကာကြာေစာင့္ေရွာက္ေရး အမ်ိဳးသားအဆင့္ မဟာဗ်ဴဟာစီမံခ်က္အရ မသန္စြမ္းသူေတြကို ေငြေၾကးေထာက္ပံ့မႈေတြျပဳလုပ္ေပးသြားဖုိ႔ရွိေနတာပါ။

အဲဒီေထာက္အပံ့ေတြကိုရရွိဖို႔အတြက္ မသန္စြမ္းသူေတြအေနနဲ႔ မသန္စြမ္းသူအျဖစ္ မွတ္ပံုတင္ျခင္းလုပ္ငန္းေတြကို ေဆာင္ရြက္ရမွာျဖစ္ၿပီး ေထာက္ပံ့ေငြေတြကိုေတာ့ မသန္စြမ္းမႈအဆင့္အလိုက္ ေပးအပ္သြားမွာျဖစ္ပါတယ္။

ဒီကေန႔ ဒီဇင္ဘာလ ၃ ရက္ေန႔မွာ က်ေရာက္တဲ့့ အျပည္ျပည္ဆိုင္ရာ မသန္စြမ္းသူမ်ားေန႔အခမ္းအနားကို ရခိုင္ျပည္နယ္ စစ္တြၿမိဳ႕မွာက်င္းပျပဳလုပ္ခဲ့ပါတယ္။

Sound bite – ဦးေက်ာ္လြင္ (စိုက္ပ်ိဳးေရး၊ ေမြးျမဴေရး၊ သစ္ေတာႏွင့္ သတၱဳတြင္းဝန္ႀကီး)
ရခုိင္ျပည္နယ္အစိုးရအဖြဲ႔

ျမန္မာႏုိ္င္ငံမွာရွိတဲ့ မသန္စြမ္းသူေတြရဲ႕ အက်ိဳးေတြကို ေဆာင္ရြက္ေပးႏုိင္ဖုိ႔အတြက္ မသန္စြမ္းသူမ်ား အခြင့္အေရးဆိုင္ရာ ကုလသမဂၢ ကြန္ေဗးရွင္းကို ျမန္မာႏုိင္ငံအေနနဲ႔ လက္မွတ္ေရးထိုးထားတာျဖစ္ပါတယ္။
ဒါ့ေၾကာင့္ မသန္စြမ္းသူေတြအေနနဲ႔ အခြင့္အေရးေတြကို သီးျခားေတာင္းဆိုေနတာမဟုတ္ဘဲ UNCRPD စာခ်ဳပ္ပါ ကတိကဝတ္ေတြအတုိင္း အျပည့္အဝရရွိဖုိ႔အတြက္ ေတာင္းဆိုေနတာျဖစ္တယ္လုိ႔ ရခုိင္ျပည္နယ္ မသန္စြမ္းသူမ်ားအစည္းအရံုးက ေျပာပါတယ္။

အင္တာဗ်ဴး – ဦးလွျမင့္ (ဥကၠဌ)
ရခုိင္ျပည္နယ္မသန္စြမ္းသူမ်ားအစည္းအရံုး

ဒါ့အျပင္ ရခုိင္ျပည္နယ္အတြင္းက မသန္စြမ္းသူေတြအတြက္ လိုအပ္ခ်က္ေတြအမ်ားအျပားရွိေနၿပီး ေမြးရာပါ မသန္စြမ္းကေလးသူငယ္ေတြအတြက္ ျပန္လည္ထူေထာင္ေရးကိစၥရပ္ေတြကို အဓိကျပဳလုပ္ေပးဖုိ႔ လိုအပ္ေနပါတယ္။

၂၀၁၄ ခုႏွစ္ သန္းေခါင္စာရင္းအရ တစ္ႏုိင္ငံလံုးအတုိင္းအတာမွာ မသန္စြမ္းသူ ၂ ဒသမ ၃ သန္းခန္႔ရွိၿပီး ရခိ္ုင္ျပည္နယ္အတြင္းမွာေတာ့ ၁ သိန္းခြဲအထိရွိေနတယ္လို႔ စစ္တမ္းေတြမွာေဖာ္ျပထားတာျဖစ္ပါတယ္ ခင္ဗ်ား။

မသန်စွမ်းသူတွေကို အမျိုးအစားအလိုက် ငွေကြေးထောက်ပံ့မှုတွေ ပြုလုပ်သွားဖို့ရှိနေပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။
မြန်မာနိုင်ငံရဲ့ ၂၀၁၄ ခုနှစ် လူမှုကာကွာစောင့်ရှောက်ရေး အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်အရ မသန်စွမ်းသူတွေကို ငွေကြေးထောက်ပံ့မှုတွေပြုလုပ်ပေးသွားဖို့ရှိနေတာပါ။
အဲဒီထောက်အပံ့တွေကိုရရှိဖို့အတွက် မသန်စွမ်းသူတွေအနေနဲ့ မသန်စွမ်းသူအဖြစ် မှတ်ပုံတင်ခြင်းလုပ်ငန်းတွေကို ဆောင်ရွက်ရမှာဖြစ်ပြီး ထောက်ပံ့ငွေတွေကိုတော့ မသန်စွမ်းမှုအဆင့်အလိုက် ပေးအပ်သွားမှာဖြစ်ပါတယ်။
ဒီကနေ့ ဒီဇင်ဘာလ ၃ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အခမ်းအနားကို ရခိုင်ပြည်နယ် စစ်တွမြို့မှာကျင်းပပြုလုပ်ခဲ့ပါတယ်။
Sound bite – ဦးကျော်လွင် (စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီး)
ရခိုင်ပြည်နယ်အစိုးရအဖွဲ့
မြန်မာနိ်ုင်ငံမှာရှိတဲ့ မသန်စွမ်းသူတွေရဲ့ အကျိုးတွေကို ဆောင်ရွက်ပေးနိုင်ဖို့အတွက် မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗေးရှင်းကို မြန်မာနိုင်ငံအနေနဲ့ လက်မှတ်ရေးထိုးထားတာဖြစ်ပါတယ်။
ဒါ့ကြောင့် မသန်စွမ်းသူတွေအနေနဲ့ အခွင့်အရေးတွေကို သီးခြားတောင်းဆိုနေတာမဟုတ်ဘဲ UNCRPD စာချုပ်ပါ ကတိကဝတ်တွေအတိုင်း အပြည့်အဝရရှိဖို့အတွက် တောင်းဆိုနေတာဖြစ်တယ်လို့ ရခိုင်ပြည်နယ် မသန်စွမ်းသူများအစည်းအရုံးက ပြောပါတယ်။
အင်တာဗျူး – ဦးလှမြင့် (ဥက္ကဌ)
ရခိုင်ပြည်နယ်မသန်စွမ်းသူများအစည်းအရုံး
ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းက မသန်စွမ်းသူတွေအတွက် လိုအပ်ချက်တွေအများအပြားရှိနေပြီး မွေးရာပါ မသန်စွမ်းကလေးသူငယ်တွေအတွက် ပြန်လည်ထူထောင်ရေးကိစ္စရပ်တွေကို အဓိကပြုလုပ်ပေးဖို့ လိုအပ်နေပါတယ်။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ တစ်နိုင်ငံလုံးအတိုင်းအတာမှာ မသန်စွမ်းသူ ၂ ဒသမ ၃ သန်းခန့်ရှိပြီး ရခိ်ုင်ပြည်နယ်အတွင်းမှာတော့ ၁ သိန်းခွဲအထိရှိနေတယ်လို့ စစ်တမ်းတွေမှာဖော်ပြထားတာဖြစ်ပါတယ် ခင်ဗျား။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)