ကုလ အတွင်းရေးမှူးချုပ်ရဲ့ ရခိုင်အရေး ပြောဆိုချက်ကို အတိုင်ပင်ခံပုဂ္ဂိုလ် တုံ့ပြန်ပြောကြား

0
740

လက်ရှိအစိုးရသက်တမ်းထက် ဆယ်ဆမက ရခိုင်ဒေသမှာ ကာလရှည်လျားစွာ ရောက်ရှိနေကြတဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေအနေနဲ့  ပြဿနာရဲ့ သိမ်မွေ့ရှုပ်ထွေးမှု အတိုင်းအတာကို အနည်းအကျဉ်းမျှ သိထားဖို့ လိုအပ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားလိုက်ပါတယ်။

နိုဝင်ဘာလ ၃ ရက်နေ့က ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ (၁၀)ကြိမ်မြောက် အာဆီယံ-ကုလသမဂ္ဂ ထိပ်သီးအစည်းအဝေးမှာ လသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က ရခိုင်ပြည်နယ် အရေးကိစ္စအပေါ် စိုးရိမ်ပူပန်ကြောင်း၊ ပြဿနာ အရင်းအမြစ်ကို ဖြေရှင်းရေးဖို့ ပြောကြားခဲ့တဲ့အပေါ် အတိုင်ပင်ခံပုဂ္ဂိုလ်က တုံ့ပြန်ပြောကြားခဲ့တာပါ။

ဒီလို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရခိုင်ပြည်နယ်အရေးနဲ့ ပြောဆိုမှုတွေအပေါ် အစည်းအဝေး အတွင်းမှာပဲ ပြန်လည်ပြောကြားခဲ့တဲ့  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ တုံပြန်ချက်တွေကို နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၂ ရက်နေ့ညမှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် အတွင်းရေးမှူးချုပ်က  နေရပ်စွန့်ခွါသူတွေ ဆန္ဒအလျောက် ဘေးကင်းလုံခြုံစွာ ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ရေးမှာ မြန်မာအစိုးရရဲ့ တာဝန် ဖြစ်တယ်လို့လည်း ပြောကြားခဲ့တာပါ။

ဒီအပေါ်ကို နိုင်ငံတော်အတိုင်ခံပုဂ္ဂိုလ်က  ကာကွယ် စောင့်ရှောက်ပေးရမယ့်သူတွေအားလုံးရဲ့  လုံခြုံရေးနဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးဖို့တာဝန်ကို အစိုးရအနေနဲ့ ရှောင်လွှဲမှာ မဟုတ်ဘူးလို့လည်း တုံ့ပြန်ထားပါတယ်။

နေရပ်ပြန်ရေးကိစ္စအပေါ်ကိုလည်း အတိုင်ပင်ခံပုဂ္ဂိုလ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ လက်မှတ်ရေးထိုးထားတဲ့  နှစ်နိုင်ငံ သဘောတူညီချက်၊ UNHCR ၊ UNDP တို့ရဲ့ လက်မှတ်ရေးထိုးထားတဲ့ သုံးပွင့်ဆိုင် သဘောတူညီချက်တွေနဲ့အညီ စိစစ်အတည်ပြုပြီး ဖြစ်တဲ့ နေရပ်စွန့်ခွာသူတွေကို ပြန်လည်လက်ခံဖို့ အပြည့်အဝ ကတိပြုထားပြီး ဖြစ်တယ်လို့လည်း ပြောကြားခဲ့တာဖြစ်ပါတယ်။ 

ကုလ အတွင်းရေးမှူးချုပ်ရဲ့ရခိုင်အရေး ပြောဆိုချက်ကို အတိုင်ပင်ခံပုဂ္ဂိုလ် တုံ့ပြန်ပြောကြား

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)