
0
388



စစ်ဆေးချက်တွေ အရ သူတို့ နဲ့အတူ ကျော်ဇင်ထွန်း(၃၀)နှစ် နောင်အိန်ကျေးရွာ သီပေါမြို့နယ်နေသူပါ ၆ဦး(ကျား ၅၊ မ ၁)တို့ပါရှိကြောင်း သိရှိရ တာကြောင့် ကျော်ဇင်ထွန်း ပါ(၆)ဦးကို မန္တလေး-လားရှိုး ပွဲကောက်ရေတံခွန်လမ်းဆုံအနီး SHAN 2N- xxxx KIA လိုက်ထရပ်ယာဉ် နဲ့ အတူ ဖမ်းဆီးရမိခဲ့ကာ သူတို့ထံမှ (၁၀၀၀၀)ကျပ်တန် ငွေစက္ကူ အတု(၃၈) ရွက် ထပ်မံသိမ်းဆည်းနိုင်တာကြောင့် စုစုပေါင်း (၁၀၀၀၀)ကျပ်တန် ငွေစက္ကူအတု
………………… ။ ။ ……………………

ပြင်ဦးလွင်မြို့ မှာငွေစက္ကူအတုတွေ ထပ်မံဖမ်းမိ

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့မှာ နိုဝင်ဘာ ၃ ရက်နေ့က ငွေစက္ကူအတု တစ်သောင်းတန်တွေ ထပ်မံဖမ်းဆီးနိုင်ခဲ့ပါတယ်။

၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့ က ပြင်ဦးလွင်မြို့ (၁၃)ကြိမ်မြောက် တန်ဆောင်တိုင်ပွဲတော် ပွဲဈေးရှိ အပျော်တန်း သက္ကလပ်ဘောလုံးပစ်ဆိုင်မှာ ကျော်ဇောအောင်(၁၉)နှစ် သက္ကယ်ချင်းကျေးရွာ မလှိုင် မြို့နယ်နေသူပါ ကျား(၂)ဦးထံမှ (၁၀ဝ၀ဝ)ကျပ်တန် ငွေစက္ကူအတု (၄၂)ရွက် သိမ်းဆည်းရမိ ခဲ့ပါတယ်။

စစ်ဆေးချက်တွေ အရ ၄င်းတို့ နဲ့အတူ ကျော်ဇင်ထွန်း(၃၀)နှစ် နောင်အိန်ကျေးရွာ သီပေါမြို့နယ်နေသူပါ ၆ဦး(ကျား ၅၊ မ ၁)တို့ပါရှိကြောင်း သိရှိရတာကြောင့် ကျော်ဇင်ထွန်း ပါ(၆)ဦးကို မန္တလေး-လားရှိုး ပွဲကောက်ရေတံခွန်လမ်းဆုံအနီး SHAN 2N- xxxx KIA လိုက်ထရပ်ယာဉ် နဲ့ အတူ ဖမ်းဆီးရမိခဲ့ကာ ၄င်းတို့ထံမှ (၁၀ဝ၀ဝ)ကျပ်တန် ငွေစက္ကူ အတု(၃၈) ရွက် ထပ်မံသိမ်းဆည်းနိုင်တာကြောင့် စုစုပေါင်း (၁၀ဝ၀ဝ)ကျပ်တန် ငွေစက္ကူအတု (၈၀)ရွက်ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)