
0
292


 




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘင်္ဂလီပြသာနာဆွေးနွေးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံဆီ လာမယ်

မြန်မာဒီမိုကရေစီ အသွင်းကူးပြောင်းမှုမှာအမေရိကန် ရဲ့ထောက်ပံပေးမှု အပြင် ရခိုင်ပြည်နယ်က လူသားချင်းဆိုင်ရာ ပြသာနာတွေကို ဆွေးနွေးဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက် တီလာဆန် မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်လာရောက်မှာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာအစိုးရခေါင်းဆောင်တွေ ၊နဲ့ဆွေးနွေးနိုင်ဖို့ ဝန်ကြီးတီလာဆန် ဟာ နေပြည်တော်ကိုခရီးထွက်ခွာမှာဖြစ်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဟီသာ နာအက် က နိုင်ငံခြားရေးဝန်ကြီး ဟာ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ တောင်ကိုရီးယား ၊ ဂျပန်၊ တရုတ်၊ ဗီယက်နမ်၊ ဖီလစ်ပိုင်နိုင်ငံတို့ သွားချိန်မှာ အတူလိုက်ပါမှာဖြစ်ပြီး မြန်မာနိုင်ငံဆီကို ထပ်မံသွားရောက်မှာဖြစ်တယ်လို့ ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟာ မြန်မာနိုင်ငံ အပါဝင် အာရှနိုင်ငံ ၆ နိုင်ငံကို နိုဝင်ဘာ ၄ ရက်နေ့မှ နိုဝင်ဘာ ၁၆ ရက်နေ့အထိ သွားရောက်မှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)