နည္းပညာတကၠသုိလ္ ေက်ာင္းဆင္းေတြ လုပ္ငန္းခြင္အႀကိဳ သင္တန္းေတြ ပုိ႔ခ်ေပးမယ္ (႐ုပ္/သံ)

0
670

နည္းပညာတကၠသုိလ္ ေက်ာင္းသူေက်ာင္းသားေတြ ေက်ာင္းပညာေရး ၿပီးဆုံးတဲ့အခါ လုပ္ငန္းခြင္ အခက္အခဲမရွိေစဖုိ႔ သက္ဆုိင္ရာနယ္ပယ္အလုိက္ သင္တန္းေတြ ဖြင့္လွစ္ေပးသြားဖုိ႔ရွိေနပါတယ္။ ဒီသတင္းကုိ MCN ပုသိမ္သတင္းေထာက္ ရဲေသြးနီက ေပးပို႔ထားပါတယ္။

ဧရာဝတီတိုင္းေဒသႀကီးအတြင္းက အင္ဂ်င္နီယာဘြဲ႕ရ ဌာနဆိုင္ရာ ဝန္ထမ္းေတြအပါအဝင္ အင္ဂ်င္နီယာ ေက်ာင္းေတြကေက်ာင္း ၿပီးဆုံးသူေတြဟာ အရင္က အသိအမွတ္ျပဳသင္တန္းေတြကုိ စရိတ္အကုန္အက်ခံၿပီး ရန္ကုန္မွာ တက္ေရာက္သင္ၾကားေနၾကရတာပါ။

အဲဒါေၾကာင့္ ျမန္မာနိင္ငံအင္ဂ်င္နီယာအသင္း(ပုသိမ္)ကဦးေဆာင္ၿပီး လုပ္ငန္းခြင္ အခက္အခဲမရွိေစဖုိ႔နဲ႔ လက္ေတြ႔ လုပ္ငန္းခြင္အေတြ႕အႀကံဳေတြကုိ ပုသိမ္ၿမိဳ႕မွာရွိတဲ့ ျမန္မာႏုိင္ငံ အင္ဂ်င္နီယာအသင္း႐ုံးမွာ သင္တန္းဖြင့္လွစ္ေပးျခင္းနဲ႔ အသိအမွတ္ျပဳစာေမးပြဲေျဖဆိုႏုိင္ဖို႔ စီစဥ္ထားရွိေပးသြားမွာ ျဖစ္ပါတယ္။

အင္တာဗ်ဴး ၁ ဦးလင္းလင္း ဥကၠ႒(ျမန္မာနိင္ငံအင္ဂ်င္နီယာအသင္း ပုသိမ္)

ဒါ့အျပင္ နည္းပညာတကၠသိုလ္ေက်ာင္းသားေတြအေနနဲ႕အသင္းmember အျဖစ္ ဝင္ေရာက္နိင္သလို ေက်ာင္းသားေတြအတြက္ project show ေတြ ျပသနိင္ဖုိ စီစဥ္ေပးထားၿပီး ေက်ာင္းၿပီးဆုံးတဲ့ အင္ဂ်င္နီယာ လူငယ္ေတြအတြက္ ျပင္ပအေတြ႕အႀကံဳနဲ႔ လက္ေတြ႕လုပ္ငန္းခြင္သင္တန္းေတြ ဖြင့္လွစ္သြားမွာျဖစ္ပါတယ္။

အလုပ္ရွာေဖြေနတဲ့ အင္ဂ်င္နီယာေတြအေနနဲ႕ အသင္း႐ုံးမွာ ကုိယ္ေရးအခ်က္အလက္ေဖာင္ ေပးပို႔ထားၿပီး ကုမၸဏီေတြက အလုပ္လိုအပ္ခ်က္ရွိလာတဲ႔အခါ လိုအပ္ခ်က္နဲ႔ ကိုက္ညီမႈရွိတဲ့သူေတြကို ေရြးခ်ယ္ၿပီး ဆက္သြယ္ေဆာင္ရြက္ေပးေနတာလည္း ျဖစ္ပါတယ္။

အင္တာဗ်ဴး၂ ဦးလင္းလင္း ဥကၠ႒(ျမန္မာနိင္ငံအင္ဂ်င္နီယာအသင္း ပုသိမ္)

ျမန္မာနိင္ငံအင္ဂ်င္နီယာအသင္း(ပုသိမ္)မွာ အခုလို သင္တန္းဖြင့္လွစ္ေပးျခင္းနဲ႔ လိုအပ္တဲ့ အရည္အခ်င္းျမွင့္ စာေမးပြဲေတြကို စီစဥ္ေပးထားတာေၾကာင့္ ဌာနဆိုင္္ရာဝန္ထမ္းေတြ အပါအဝင္ ေက်ာင္းၿပီးစလူငယ္ေတြရဲ႕ အလုပ္အကိုင္အတြက္ အေထာက္အကူျဖစ္ဖို႔ ရည္ရြယ္လုပ္ေဆာင္ေနတာလည္း ျဖစ္ပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နည်းပညာတက္ကသိုလ် ကျောင်းဆင်းတွေ လုပ်ငန်းခွင်အကြို သင်တန်းတွေ ပို့ချပေးမယ်

နည်းပညာတက္ကသိုလ် ကျောင်းသူကျောင်းသားတွေ ကျောင်းပညာရေး ပြီးဆုံးတဲ့အခါ လုပ်ငန်းခွင် အခက်အခဲမရှိစေဖို့ သက်ဆိုင်ရာနယ်ပယ်အလိုက် သင်တန်းတွေ ဖွင့်လှစ်ပေးသွားဖို့ရှိနေပါတယ်။ ဒီသတင်းကို MCN ပုသိမ်သတင်းထောက် ရဲသွေးနီက ပေးပို့ထားပါတယ်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းက အင်ဂျင်နီယာဘွဲ့ရ ဌာနဆိုင်ရာ ဝန်ထမ်းတွေအပါအဝင် အင်ဂျင်နီယာ ကျောင်းတွေကကျောင်း ပြီးဆုံးသူတွေဟာ အရင်က အသိအမှတ်ပြုသင်တန်းတွေကို စရိတ်အကုန်အကျခံပြီး ရန်ကုန်မှာ တက်ရောက်သင်ကြားနေကြရတာပါ။

အဲဒါကြောင့် မြန်မာနိင်ငံအင်ဂျင်နီယာအသင်း(ပုသိမ်)ကဦးဆောင်ပြီး လုပ်ငန်းခွင် အခက်အခဲမရှိစေဖို့နဲ့ လက်တွေ့ လုပ်ငန်းခွင်အတွေ့အကြုံတွေကို ပုသိမ်မြို့မှာရှိတဲ့ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းရုံးမှာ သင်တန်းဖွင့်လှစ်ပေးခြင်းနဲ့ အသိအမှတ်ပြုစာမေးပွဲဖြေဆိုနိုင်ဖို့ စီစဉ်ထားရှိပေးသွားမှာ ဖြစ်ပါတယ်။

အင်တာဗျူး ၁ ဦးလင်းလင်း ဥက္ကဋ္ဌ(မြန်မာနိင်ငံအင်ဂျင်နီယာအသင်း ပုသိမ်)

ဒါ့အပြင် နည်းပညာတက္ကသိုလ်ကျောင်းသားတွေအနေနဲ့အသင်းmember အဖြစ် ဝင်ရောက်နိင်သလို ကျောင်းသားတွေအတွက် project show တွေ ပြသနိင်ဖို စီစဉ်ပေးထားပြီး ကျောင်းပြီးဆုံးတဲ့ အင်ဂျင်နီယာ လူငယ်တွေအတွက် ပြင်ပအတွေ့အကြုံနဲ့ လက်တွေ့လုပ်ငန်းခွင်သင်တန်းတွေ ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။

အလုပ်ရှာဖွေနေတဲ့ အင်ဂျင်နီယာတွေအနေနဲ့ အသင်းရုံးမှာ ကိုယ်ရေးအချက်အလက်ဖောင် ပေးပို့ထားပြီး ကုမ္ပဏီတွေက အလုပ်လိုအပ်ချက်ရှိလာတဲ့အခါ လိုအပ်ချက်နဲ့ ကိုက်ညီမှုရှိတဲ့သူတွေကို ရွေးချယ်ပြီး ဆက်သွယ်ဆောင်ရွက်ပေးနေတာလည်း ဖြစ်ပါတယ်။

အင်တာဗျူး၂ ဦးလင်းလင်း ဥက္ကဋ္ဌ(မြန်မာနိင်ငံအင်ဂျင်နီယာအသင်း ပုသိမ်)

မြန်မာနိင်ငံအင်ဂျင်နီယာအသင်း(ပုသိမ်)မှာ အခုလို သင်တန်းဖွင့်လှစ်ပေးခြင်းနဲ့ လိုအပ်တဲ့ အရည်အချင်းမြှင့် စာမေးပွဲတွေကို စီစဉ်ပေးထားတာကြောင့် ဌာနဆိုင်ရာဝန်ထမ်းတွေ အပါအဝင် ကျောင်းပြီးစလူငယ်တွေရဲ့ အလုပ်အကိုင်အတွက် အထောက်အကူဖြစ်ဖို့ ရည်ရွယ်လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)