ဆယ်သိန်းကျော်မီတာ အသစ် တပ်ဆင်ခိုင်းတဲ့ အတွက် SME လုပ်ကိုင်သူတွေ အခက်တွေ့ (ရုပ်/သံ)

0
1586



ပြုလုပ်ခဲ့တာပါ။





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ငွေကျပ်(၁၀)သိန်းကျော် မီတာအသစ်တပ်ဆင်ခိုင်းသည့်အတွက် လုပ်ငန်းလုပ်ကိုင်သူတွေ အခက်တွေ့

လုပ်ငန်းသုံး ပါဝါမီတာတွေကို ပြန်လည်အပ်နှံခိုင်းပြီး ငွေကျပ်(၁၀)သိန်းကျော် မီတာအသစ်တွေ တပ်ဆင်ခိုင်းတာကြောင့် အသေးစား၊ အလတ်စား လုပ်ငန်းလုပ်ကိုင်သူတွေ အခက်အခဲတွေ ဖြစ်ပေါ်နေပါတယ်။ ဒီသတင်းကို MCN သတင်းထောက် အောင်သူက ပေးပို့ထားပါတယ်။

လက်ရှိအသုံးပြုနေတဲ့ လုပ်ငန်းသုံး ပါဝါမီတာတွေကို ပြန်လည်အပ်နှံခိုင်းပြီး ငွေကျပ် (၁၀) သိန်းကျော်မီတာ အသစ်တွေကို တပ်ဆင်ခိုင်းတာကြောင့် တောင်ဒဂုံမြို့နယ်၊ အမှတ်(၃)စက်မှုဇုံက အသေးစား၊ အလတ်စား လုပ်ငန်းလုပ်ကိုင်သူတွေဟာ မီတာအသစ်အတွက် ငွေပေးသွင်းဖို့ အခက်ကြုံနေရတာပါ။

အောက်တိုဘာလ(၂) ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ် အမှတ်(၃)စက်မှုဇုံမှာ အသေးစား၊
အလတ်စားစီးပွားရေးလုပ်ငန်းရှင်တွေက မီတာအသစ်တပ်ဆင်မယ့် ကိစ္စနဲ့ပတ်သတ်ပြီး သတင်းစာရှင်းလင်းပွဲ
ပြုလုပ်ခဲ့တာပါ။

Sound Bite———ဦးစန်းလွင်(တွင်ခုံလုပ်ငန်းလုပ်ကိုင်သူ)

လက်ရှိ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူတွေဟာ မီတာအသစ်ထပ်မံလျောက်ထားဖို့ မတက်နိုင်တာကြောင့် ညှိနှိုင်းဆောင်ရွက်ပေးဖို့ စက်မှုဇုံကော်မတီကို တင်ပြထားပေမယ့် ညှိနှိုင်းဆောင်ရွက်ပေးတာတွေ မရှိသေးတာကြောင့် တောင်းဆိုမှုတွေလည်း ပြုလုပ်သွားဖို့ရှိတယ်လို့ တွင်ခုံလုပ်ငန်းလုပ်ကိုင်သူတစ်ဦးကပြောပါတယ်။

Sound Bite———ဦးစန်းလွင်(တွင်ခုံလုပ်ငန်းလုပ်ကိုင်သူ)

အခုလို မီတာအသစ်တပ်ဆင်ခ ငွေပေးသွင်းဖို့ အခက်အခဲတွေရှိနေတာကြောင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ကိုင်သူတွေအနေနဲ့ နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံတော်အတိုင်ပင်ခံရုံးနဲ့ လျှပ်စစ်ဝန်ကြီးဌာနတွေ ကိုလည်း အသနားခံစာတွေ ပေးပို့ထားတယ်လို့ ပြောပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)