တာခ်ီလိတ္မွာ အေၾကြးျပန္မရလို႔ လူကို ျပန္ေပးဆြဲ

0
1014

ရွမ္းျပည္နယ္၊ တာခ်ီလိတ္ၿမိဳ႕နယ္၊ မိုင္းဖုန္း (ခ) ေက်းရြာအုပ္စု၊ ေဝွေလလန္ေက်းရြာမွာ အေၾကြးေတြ ျပန္မဆပ္တဲ့အတြက္ လူကို ျပန္ေပးဆြဲမႈ ျဖစ္ပြားခဲ့ပါတယ္။

ေအာက္တုိဘာ ၃ ရက္ေန႔ မနက္ ၈ နာရီခြဲခန္႔က ေဝွေလလန္ေက်းရြာမွာ ေနထုိင္ၿပီး အိမ္ဆုိင္ဖြင့္လွစ္ထားတဲ့ ေဒၚအီနန္း (၅ဝ ႏွစ္) ကို ဦးထုပ္ေတြ ေဆာင္းထားၿပီး မ်က္ႏွာဖံုးတပ္ထားတဲ့ ေသနတ္ကုိင္ထား သူႏွစ္ဦးက ေသနတ္နဲ႔ ခ်ိန္ထားၿပီး က်န္ႏွစ္ဦးက ဆြဲေခၚခဲ့ပါတယ္။ အိမ္ထဲက ထြက္လာတဲ့ ေဒၚအီနန္းရဲ႕ ခင္ပြန္း ဦးအုိက္ေက်ာက္ (၄၃ ႏွစ္)ကိုလည္း ေသနတ္နဲ႔ ခ်ိန္ထားၿပီး ေဒၚအီနန္းကို ပါလာတဲ့ ကားေပၚဆြဲေခၚကာ ေဟြလုေက်းရြာဘက္ကို ေမာင္းေျပးခဲ့ပါတယ္။

ဝမ္ပံုနယ္ေျမရဲစခန္းက တာဝန္ရွိသူေတြက ေနအိမ္ကို လာေရာက္စစ္ေဆးခဲ့ရာမွာ ေဒၚအီနန္းက အေၾကြးေတြ ဆပ္စရာရွိတာကို မဆပ္တဲ့အတြက္ ျပန္ေပးသြားတာ ျဖစ္ေၾကာင္း ေတြ႔ရွိခဲ့ပါတယ္။ ျပန္ေပးဆြဲခံရသူနဲ႔ ျပန္ေပးဆြဲသူေတြကို ဖမ္းမိႏိုင္ေရး ဝမ္ပံုနယ္ေျမရဲစခန္းက အမႈဖြင့္စံုစမ္းေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တာချီလိတ်မှာ အကြွေးပြန်မရလို့ လူကို ပြန်ပေးဆွဲ

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း (ခ) ကျေးရွာအုပ်စု၊ ဝှေလေလန်ကျေးရွာမှာ အကြွေးတွေ ပြန်မဆပ်တဲ့အတွက် လူကို ပြန်ပေးဆွဲမှု ဖြစ်ပွားခဲ့ပါတယ်။

အောက်တိုဘာ ၃ ရက်နေ့ မနက် ၈ နာရီခွဲခန့်က ဝှေလေလန်ကျေးရွာမှာ နေထိုင်ပြီး အိမ်ဆိုင်ဖွင့်လှစ်ထားတဲ့ ဒေါ်အီနန်း (၅ဝ နှစ်) ကို ဦးထုပ်တွေ ဆောင်းထားပြီး မျက်နှာဖုံးတပ်ထားတဲ့ သေနတ်ကိုင်ထား သူနှစ်ဦးက သေနတ်နဲ့ ချိန်ထားပြီး ကျန်နှစ်ဦးက ဆွဲခေါ်ခဲ့ပါတယ်။ အိမ်ထဲက ထွက်လာတဲ့ ဒေါ်အီနန်းရဲ့ ခင်ပွန်း ဦးအိုက်ကျောက် (၄၃ နှစ်) ကိုလည်း သေနတ်နဲ့ ချိန်ထားပြီး ဒေါ်အီနန်းကို ပါလာတဲ့ ကားပေါ်ဆွဲခေါ်ကာ ဟွေလုကျေးရွာဘက်ကို မောင်းပြေးခဲ့ပါတယ်။

ဝမ်ပုံနယ်မြေရဲစခန်းက တာဝန်ရှိသူတွေက နေအိမ်ကို လာရောက်စစ်ဆေးခဲ့ရာမှာ ဒေါ်အီနန်းက အကြွေးတွေ ဆပ်စရာရှိတာကို မဆပ်တဲ့အတွက် ပြန်ပေးသွားတာ ဖြစ်ကြောင်း တွေ့ရှိခဲ့ပါတယ်။ ပြန်ပေးဆွဲခံရသူနဲ့ ပြန်ပေးဆွဲသူတွေကို ဖမ်းမိနိုင်ရေး ဝမ်ပုံနယ်မြေရဲစခန်းက အမှုဖွင့်စုံစမ်းနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)