ေဆာင္းရာသီမွာ အယ္လ္နီညိဳျဖစ္ဖို႔ အလား အလာ ၇ဝ ရာခိုင္ႏႈန္းရွိ၊ အပူခ်ိန္ စံခ်ိန္တင္ႏိုင္

0
797

လာမယ့္ ေဆာင္းရာသီမွာ အယ္လ္နီညိဳျဖစ္ဖို႔ အလား အလာ ၇ဝ ရာခိုင္ႏႈန္းရွိေနၿပီး အယ္လ္နီညိဳက အားေကာင္းမယ္ဆိုရင္ အပူခ်ိန္ေတြ စံခ်ိန္တင္ေအာင္ ျမင့္မယ္လို႔ မိုးေလဝသပညာရွင္ ေဒါက္တာ ထြန္းလြင္က ေျပာပါတယ္။

ေလာေလာဆယ္ အေနအထားအရ ပစိဖိတ္သမုဒၵရာမွာ ၿပီးခဲ့တဲ့ စက္တင္ဘာ၊ အခု ေအာက္တိုဘာ၊ ႏိုဝင္ဘာ ဒီသုံးလမွာ အယ္လ္နီညိဳျဖစ္ဖို႔ ၅၅ ရာခိုင္ႏႈန္းရွိေၾကာင္း၊ ၂ဝ၁၅-၂ဝ၁၆ ခုႏွစ္တုန္းက အယ္လ္နီညိဳေၾကာင့္ ျမန္မာႏိုင္ငံ အပါအဝင္ အာရွ-ပစိဖိတ္ေဒသ ႏိုင္ငံေပါင္း ၂၈ ႏိုင္ငံ ထိခိုက္မႈ ေတာ္ေတာ္မ်ားခဲ့ေၾကာင္း ေဒါက္တာ ထြန္းလြင္က ေျပာပါတယ္။

အပူခ်ိန္ ျမင့္တဲ့အတြက္ ေႏြရာသီမွာ ေရရွားတာ၊ မီးေလာင္မႈ ျဖစ္တာ၊ စိုက္ပ်ဳိးေရးမွာ သီးႏွံေတြ သီးႏွံပ်က္တာ၊ အထြက္ေလ်ာ့တာ၊ ကူးစက္ေရာဂါေတြ ျဖစ္တာေတြ ရွိႏိုင္ေၾကာင္း ေဒါက္တာ ထြန္းလြင္က သတိေပးထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဆောင်းရာသီမှာ အယ်လ်နီညိုဖြစ်ဖို့ အလား အလာ ၇ဝ ရာခိုင်နှုန်းရှိ၊ အပူချိန် စံချိန်တင်နိုင်

လာမယ့် ဆောင်းရာသီမှာ အယ်လ်နီညိုဖြစ်ဖို့ အလား အလာ ၇ဝ ရာခိုင်နှုန်းရှိနေပြီး အယ်လ်နီညိုက အားကောင်းမယ်ဆိုရင် အပူချိန်တွေ စံချိန်တင်အောင် မြင့်မယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောပါတယ်။

လောလောဆယ် အနေအထားအရ ပစိဖိတ်သမုဒ္ဒရာမှာ ပြီးခဲ့တဲ့ စက်တင်ဘာ၊ အခု အောက်တိုဘာ၊ နိုဝင်ဘာ ဒီသုံးလမှာ အယ်လ်နီညိုဖြစ်ဖို့ ၅၅ ရာခိုင်နှုန်းရှိကြောင်း၊ ၂ဝ၁၅-၂ဝ၁၆ ခုနှစ်တုန်းက အယ်လ်နီညိုကြောင့် မြန်မာနိုင်ငံ အပါအဝင် အာရှ-ပစိဖိတ်ဒေသ နိုင်ငံပေါင်း ၂၈ နိုင်ငံ ထိခိုက်မှု တော်တော်များခဲ့ကြောင်း ဒေါက်တာ ထွန်းလွင်က ပြောပါတယ်။

အပူချိန် မြင့်တဲ့အတွက် နွေရာသီမှာ ရေရှားတာ၊ မီးလောင်မှု ဖြစ်တာ၊ စိုက်ပျိုးရေးမှာ သီးနှံတွေ သီးနှံပျက်တာ၊ အထွက်လျော့တာ၊ ကူးစက်ရောဂါတွေ ဖြစ်တာတွေ ရှိနိုင်ကြောင်း ဒေါက်တာ ထွန်းလွင်က သတိပေးထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)