ေတာင္သူေတြဆီက ေငြလိမ္လည္ ေကာက္ခံတဲ့ ကုမၸဏီအမည္ေတြ ထုတ္ျပန္

0
794

ေတာင္သူေတြကို ေခ်းေငြ ေခ်းေပးမယ္ဆိုၿပီး ဝန္ေဆာင္ခ လိမ္လည္ ေကာက္ခံေနတဲ့ ကုမၸဏီ အမည္ေတြကို စီမံကိန္းႏွင့္ ဘ႑ာေရး ဝန္ႀကီးဌာနက ထုတ္ျပန္ၿပီး သတိေပးထားပါတယ္။

ေငြေခ်းငွားခြင့္ လိုင္စင္ မရွိဘဲ လယ္ယာေျမ လုပ္ပိုင္ခြင့္လက္မွတ္ ပံုစံ-၇ မိတၱဴ ရယူၿပီး ၁၀ ဧကကုိ က်ပ္ ၅ သိန္း၊ ၁၀ သိန္း ေခ်းေပးမယ္ဆိုၿပီး ဝန္ေဆာင္ခ ၁ ဧက က်ပ္ ၅ ေထာင္၊ ၁ ေသာင္း၊ ၁ ေသာင္းခြဲႏႈန္း ေကာက္ခံေနတာျဖစ္ပါတယ္။

အဲဒီလို ေကာက္ခံေနတဲ့ ကုမၸဏီေတြက ပ်ဥ္းမနား၊ ေတာင္သာ၊ ေက်ာက္ပန္းေတာင္း၊ ေျမာင္းျမ၊ ဝါးခယ္မၿမိဳ႕နယ္ေတြမွာ “ေရႊသစၥာေျမ ကုမၸဏီ”၊ မိုးညွင္း၊ မိုးေကာင္း၊ ပုလဲ၊ ေရနံေခ်ာင္း၊ ေတာင္တြင္းႀကီး၊ ေဇယ်ာသီရိ၊ ေက်ာက္ဆည္ ၿမိဳ႕နယ္ေတြမွာ “ဓနတိုးဝင္းေအာင္ ကုမၸဏီ”၊ ေတာင္ငူ၊ ဝမ္းတြင္း၊ ရြာငံ ၿမိဳ႕နယ္ေတြမွာ “General Star ကုမၸဏီ”၊ ျမစ္သားၿမိဳ႕နယ္မွာ “Phyo Thet ကုမၸဏီ” တို႔ ျဖစ္ပါတယ္။ ေရႊသစၥာေျမ ကုမၸဏီကိုေတာ့ တရားစြဲဆိုထားၿပီ ျဖစ္ပါတယ္။

ဒါေၾကာင့္ ေတာင္သူေတြအေနနဲ႔ ကုမၸဏီနဲ႔ လူပုဂၢိဳလ္တခ်ိဳ႕ ဝင္ေရာက္လာရင္ သက္ဆိုင္ရာကို အေၾကာင္းၾကားဖို႔နဲ႔ ေငြေၾကးေပးအပ္ၿပီး ျဖစ္ရင္ တရားစြဲၾကဖို႔ စီမံကိန္းႏွင့္ ဘ႑ာေရး ဝန္ႀကီးဌာနက ႏိႈးေဆာ္ထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
တောင်သူတွေဆီက ငွေလိမ်လည် ကောက်ခံတဲ့ ကုမ္ပဏီအမည်တွေ ထုတ်ပြန်

တောင်သူတွေကို ချေးငွေ ချေးပေးမယ်ဆိုပြီး ဝန်ဆောင်ခ လိမ်လည် ကောက်ခံနေတဲ့ ကုမ္ပဏီ အမည်တွေကို စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက ထုတ်ပြန်ပြီး သတိပေးထားပါတယ်။ ငွေချေးငှားခွင့် လိုင်စင် မရှိဘဲ လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် ပုံစံ-၇ မိတ္တူ ရယူပြီး ၁၀ ဧကကို ကျပ် ၅ သိန်း၊ ၁၀ သိန်း ချေးပေးမယ်ဆိုပြီး ဝန်ဆောင်ခ ၁ ဧက ကျပ် ၅ ထောင်၊ ၁ သောင်း၊ ၁ သောင်းခွဲနှုန်း ကောက်ခံနေတာဖြစ်ပါတယ်။

အဲဒီလို ကောက်ခံနေတဲ့ ကုမ္ပဏီတွေက ပျဉ်းမနား၊ တောင်သာ၊ ကျောက်ပန်းတောင်း၊ မြောင်းမြ၊ ဝါးခယ်မမြို့နယ်တွေမှာ “ရွှေသစ္စာမြေ ကုမ္ပဏီ”၊ မိုးညှင်း၊ မိုးကောင်း၊ ပုလဲ၊ ရေနံချောင်း၊ တောင်တွင်းကြီး၊ ဇေယျာသီရိ၊ ကျောက်ဆည် မြို့နယ်တွေမှာ “ဓနတိုးဝင်းအောင် ကုမ္ပဏီ”၊ တောင်ငူ၊ ဝမ်းတွင်း၊ ရွာငံ မြို့နယ်တွေမှာ “General Star ကုမ္ပဏီ”၊ မြစ်သားမြို့နယ်မှာ “Phyo Thet ကုမ္ပဏီ” တို့ ဖြစ်ပါတယ်။ ရွှေသစ္စာမြေ ကုမ္ပဏီကိုတော့ တရားစွဲဆိုထားပြီ ဖြစ်ပါတယ်။

ဒါကြောင့် တောင်သူတွေအနေနဲ့ ကုမ္ပဏီနဲ့ လူပုဂ္ဂိုလ်တချို့ ဝင်ရောက်လာရင် သက်ဆိုင်ရာကို အကြောင်းကြားဖို့နဲ့ ငွေကြေးပေးအပ်ပြီး ဖြစ်ရင် တရားစွဲကြဖို့ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက နှိုးဆော်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)