
0
684




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာအပေါ် ကုန်သွယ်ရေး ပိတ်ဆို့အရေးယူဖို့ ဥရောပ သမဂ္ဂ စဉ်းစား

ဘင်္ဂါလီ မွတ်စလင် ဒုက္ခသည် အရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့ အရေးယူဖို့ ဥရောပ သမဂ္ဂက စဉ်းစားနေတယ်လို့ ဥရောပ သမဂ္ဂ အရာရှိ သုံးဦးက ပြောပါတယ်။

ပိတ်ဆို့အရေးယူမယ့် အမျိုးအစားက မြန်မာနိုင်ငံကို ပေးထားတဲ့ ကုန်သွယ်ခွန် ကင်းလွတ်ခွင့်ကို ဖယ်ရှားမယ့် အလားအလား ရှိတာ ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အထည်ချုပ်လုပ်ငန်းတွေ ထိခိုက်နိုင်ကာ အလုပ်အကိုင် သောင်းနဲ့ချီပြီး ထိခိုက်နိုင်တဲ့ အခြေအနေ ရှိတယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီ မွတ်စလင်အရေးနဲ့ ပတ်သက်လို့ ဥရောပသမဂ္ဂက မြန်မာအဆင့်မြင့်အရာရှိ ၇ ဦးကို ခရီးသွားလာခွင့်နဲ့ ပိုင်ဆိုင်ခွင့် ထိန်းချုပ်တာတွေ လုပ်ထားခဲ့ပြီး ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)