ႏွစ္ႏိုင္ငံဆက္ဆံေရး ျမွင့္တင္ဖို႔ ျမန္မာနဲ႔ က်ဴးဘားတို႔ စိတ္ဝင္စား

0
1041

ႏိုင္ငံေတာ္ အတိုင္ပင္ခံ႐ုံးဝန္ႀကီး ဦးေက်ာ္တင့္ေဆြနဲ႔ က်ဴးဘား ႏိုင္ငံျခားေရးဝန္ႀကီး မစၥတာ ဘ႐ူႏို႐ိုဒရီဂြက္ဇ္တို႔ မေန႔က ေအာက္တိုဘာ ၃ ရက္ေန႔မွာ ေတြ႔ဆံုၿပီး ႏွစ္ႏိုင္ငံ ႏိုင္ငံေရး၊ စီးပြားေရးနဲ႔ ပူးေပါင္းေဆာင္ရြက္ေရးေတြ တိုးျမွင့္ဖို႔ စိတ္ဝင္စားေၾကာင္း ေျပာဆိုခဲ့ပါတယ္။

က်ဴးဘားႏိုင္ငံကို ေရာက္ရွိေနတဲ့ ဝန္ႀကီး ဦးေက်ာ္တင့္ေဆြနဲ႔ ဝန္ႀကီး မစၥတာ ႐ုိဒရီဂြက္ဇ္တို႔ဟာ ႏွစ္ႏိုင္ငံဆက္ဆံေရးကို ေဆြးေႏြးခဲ့ၾကၿပီး ပိုမိုျမွင့္တင္ၾကဖို႔ ဆႏၵရွိေၾကာင္း သေဘာတူခဲ့တယ္လို႔ ပရင္ဆာလာတီနာ သတင္းမွာ ေဖာ္ျပထားပါတယ္။

ေတြ႔ဆံုေဆြးေႏြးပြဲကို ကုလသမဂၢဆိုင္ရာ ျမန္မာ အၿမဲတမ္း ကိုယ္စားလွယ္ ဦးေဟာက္ဒိုဆြမ္း၊ ဂ်နီဗာ အေျခစိုက္ ျမန္မာအၿမဲတမ္း ကိုယ္စားလွယ္ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း၊ က်ဴးဘား ႏိုင္ငံျခားေရး ဝန္ႀကီးဌာန ႏွစ္ႏိုင္ငံဆက္ဆံေရး ညႊန္ၾကားေရးမႉး အီမီလီယို လိုဇာဒါနဲ႔ တျခား က်ဴးဘား ကိုယ္စားလွယ္ေတြ တက္ေရာက္ခဲ့ပါတယ္။ ျမန္မာနဲ႔ က်ဴးဘားႏိုင္ငံတို႔ဟာ ၁၉၇၆ ခုႏွစ္ ေအာက္တိုဘာ ၁၂ ရက္မွာ သံတမန္ဆက္ဆံေရး ထူးေထာင္ခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်ဖို့ မြန်မာနဲ့ ကျူးဘားတို့ စိတ်ဝင်စား

နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေနဲ့ ကျူးဘား နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဘရူနိုရိုဒရီဂွက်ဇ်တို့ မနေ့က အောက်တိုဘာ ၃ ရက်နေ့မှာ တွေ့ဆုံပြီး နှစ်နိုင်ငံ နိုင်ငံရေး၊ စီးပွားရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးတွေ တိုးမြှင့်ဖို့ စိတ်ဝင်စားကြောင်း ပြောဆိုခဲ့ပါတယ်။

ကျူးဘားနိုင်ငံကို ရောက်ရှိနေတဲ့ ဝန်ကြီး ဦးကျော်တင့်ဆွေနဲ့ ဝန်ကြီး မစ္စတာ ရိုဒရီဂွက်ဇ်တို့ဟာ နှစ်နိုင်ငံဆက်ဆံရေးကို ဆွေးနွေးခဲ့ကြပြီး ပိုမိုမြှင့်တင်ကြဖို့ ဆန္ဒရှိကြောင်း သဘောတူခဲ့တယ်လို့ ပရင်ဆာလာတီနာ သတင်းမှာ ဖော်ပြထားပါတယ်။

တွေ့ဆုံဆွေးနွေးပွဲကို ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် ဦးဟောက်ဒိုဆွမ်း၊ ဂျနီဗာ အခြေစိုက် မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း၊ ကျူးဘား နိုင်ငံခြားရေး ဝန်ကြီးဌာန နှစ်နိုင်ငံဆက်ဆံရေး ညွှန်ကြားရေးမှူး အီမီလီယို လိုဇာဒါနဲ့ တခြား ကျူးဘား ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။ မြန်မာနဲ့ ကျူးဘားနိုင်ငံတို့ဟာ ၁၉၇၆ ခုနှစ် အောက်တိုဘာ ၁၂ ရက်မှာ သံတမန်ဆက်ဆံရေး ထူးထောင်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)