လူငယ်ဘောလုံး ပြက္ခဒိန် ရေးဆွဲရေး MFF နဲ့ ဝန်ကြီးဌာနနစ်ခု ပူးပေါင်း ဆာင်ရွက်မယ်

0
393




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လူငယ်ဘောလုံး ပြက္ခဒိန် ရေးဆွဲရေး MFF နဲ ့ဝန်ကြီး၄ာနနစ်ခု ပူးပေါင်း ဆာင်ရွက်မယ်

လူငယ်ဘောလုံး ပြက္ခဒိန်ရေးဆွဲရေးနဲ့ အခြေခံနဲ့ အထက်တန်းကျောင်းတွေ၊ တက္ကသိုလ်တွေမှာ ဘောလုံး ပြိုင်ပွဲတွေ ပုံမှန်ကျင်းပသွားနိုင်ဖို့ ပညာရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) နဲ့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတို ့ပူးပေါင်းဆောင်ရွက်သွားမယ်လို ့သိရပါတယ်။

MFF နဲ့ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုအဆင့် တာဝန်ရှိသူတွေဟာ အောက်တိုဘာလ ၃ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ပြီး နိုင်ငံတကာ အဆင့်မီ လူငယ်ကစားသမားများ ပေါ်ထွက်လာရေး၊ နည်းပြသင်တန်းများ၊ လူငယ်ဘောလုံး ပွဲတော်များ၊ ယူ ၁၁၊ ယူ ၁၃၊ ယူ ၁၅ အမျိုးသမီး အမျိုးသား ပြိုင်ပွဲများ၊ ဖူဆယ်ပြိုင်ပွဲများ နှစ်စဉ်ကျင်းပသွားရေးတို့ကို ဆောင်ရွက်သွားမယ်လို ့MFFက ထုတ်ပြ န်ထားပါတယ်။

ဒါ့အပြင့် လူငယ်ပြိုင်ပွဲတွေအတွက် ဘောလုံး ပြက္ခဒိန် ရေးဆွဲဆောင်ရွက်ရာမှာ ဖီဖာ ယူ ၁၇၊ ယူ ၂၀၊ AFC ယူ ၁၉၊ ယူ ၂၃၊ AFF ယူ ၁၈၊ ယူ ၁၆ ပြိုင်ပွဲတွေအတွက် ထည့်သွင်းစဉ်းစား ရေးဆွဲဖို့နဲ့ သက်တမ်းအလိုက် လက်ရွေးစင် အသင်းတွေအတွက် တကယ် အကျိုးရှိစေမယ့် ပွဲစဉ်များဖြစ်ဖို့ကို ဦးစားပေး ရေးဆွဲသွားဖို့လည်း ဆွေးနွေးခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)