
0
402



……………………. ။ ။ …………………………..

လွှတ်တော် ဥက္ကဋ္ဌကို စည်ပင် ဥပဒေမူကြမ်း စိစစ်ရေးကော်မတီမှာ ထည့်သွင်းမှု ဝေဖန်ခံရ

ရန်ကုန်တိုင်း ဝန်ကြီးချုပ်က ရန်ကုန်တိုင်း လွှတ်တော် ဥက္ကဋ္ဌကို စည်ပင်သာယာရေး ဥပဒေမူကြမ်း စိစစ်ရေးကော်မတီမှာ ထည့်သွင်းဖွဲ့စည်းမှုကို ရန်ကုန်တိုင်း လွှတ်တော် ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းက ဝေဖန်လိုက်ပါတယ်။

အဲဒီလို ထည့်သွင်းတာဟာ အာဏာသုံးရပ် ပိုင်းခြားထားတဲ့ အခြေခံမူကို ဖောက်ဖျက်ရာရောက်တယ်လို့ RFA သတင်းဌာနကို ဒေါ်ညိုညိုသင်းက ပြောပါတယ်။

လွှတ်တော် ဥက္ကဋ္ဌ ဦးဆောင် ရေးဆွဲတဲ့ မူကြမ်းဖြစ်လို့ လွှတ်တော်ထဲမှာ ဖြစ်နိုင်ခြေရှိတဲ့ အပြင်းအထန် ငြင်းခုံခွင်ကို ကန့်သတ်ရာ ရောက်တဲ့အပြင် ဥက္ကဋ္ဌရဲ့ ကြားနေရေး အနေအထားကို ပျက်စီးစေတယ်လို့ ဒေါ်ညိုညိုသင်းက ဝေဖန်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)